မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, February 19, 2016




စပါးက ဖီအိုရင် တီးနား အသင်းနဲ့ ၁ ဂိုးစီ သရေကျ ခဲ့တာပါ။

ဒီပွဲမှာ စပါး အတွက် ချာဒီက ၃၇ မိနစ်မှာ ပင်နယ်တီ ကနေဆင့် ဦးဆောင်ဂိုး သွင်းယူနိုင် ခဲ့ပေမယ့် ၅၉ မိနစ်မှာ အိမ်ရှင် ဖီအိုရင် တီးနားက ချေပဂိုး သွင်းယူပြီး သရေကျ သွားတာပါ။

စပါးက အဝေး ကွင်းမှာ ၁ ဂိုးရ လိုက်လို့ ဒုတိယ အကျော့ အိမ်ကွင်း ပွဲစဉ် အတွက် တပန်းသာ သွားပြီ ဖြစ်ပါတယ်။



လီဗာပူး ကတော့ ဂျာမန်ကလပ် အော့စ်ဘတ်နဲ့ ဂိုးမရှိ သရေကျ သွားပါတယ်။



ဒီပွဲမှာ လီဗာပူး အခွင့်အရေး ပိုရပေမယ့် အသုံးမချနိုင်လို့ ဂိုးမရှိသရေနဲ့ပဲ အဆုံးသတ်ခဲ့တာပါ။

လီဗာပူးနည်းပြ ဂျာဂင်ကလော့အတွက်တော့ ဂျာမန်မြေကို ပထမဆုံး ပြန်လည်ခြေချတဲ့ ပွဲစဉ်လည်း ဖြစ်ပါတယ်။

ဒုတိယအကျော့ ရှုံးထွက်ပွဲစဉ်တွေအဖြစ် ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ လီဗာပူးက အော့စ်ဘတ်ကို၊ စပါးက ဖီအိုရင်တီးနားကို အိမ်ကွင်းတွေမှာ ပြန်လည်ဧည့်ခံ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/135927


No comments:

Post a Comment