မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, February 13, 2017

အိုဇေးလ် ပုံမှန်ခြေစွမ်း ပြန်ရရန် ယုံကြည်မှု လိုအပ်နေကြောင်း အာစင်ဝင်းဂါး ပြော




ဖေဖော်ဝါရီ ၁၃၊ အင်္ဂလန်

အိုဇေးလ် အနေဖြင့် ပုံမှန် ခြေစွမ်း ပြန်လည် ရရှိရန် ယုံကြည်မှု လိုအပ်နေခြင်း ဖြစ်ကြောင်း အာဆင်နယ် နည်းပြ အာစင်ဝင်းဂါးက ပြောဆို လိုက်သည်။

အာဆင်နယ်က ဟူးလ်စီးတီးကို ၂-၀ ဂိုးဖြင့် အနိုင် ရခဲ့သည့် ပွဲတွင် ဂိုးသွင်းယူနိုင်ခြင်း မရှိသည့် အတွက် အိုဇေးလ်း ပရီးမီးယားလိဂ်တွင် ဂိုးမသွင်းနိုင် သည်မှာ ၈ ပွဲ ရှိသွားပြီ ဖြစ်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၂ ရက်နေ့နောက်ပိုင်း ဂိုးပေါက်ပျောက်ဆုံးနေခြင်းဖြစ်သည်။

ဟူးလ်စီးတီးနှင့်ပွဲတွင် အိုဇေးလ်အနေဖြင့် အခွင့်အရေးများရခဲ့သော်လည်း ဂိုးဝင်အောင်သွင်းနိုင်ခြင်းမရှိခဲ့ပေ။

ထို့ကြောင့် အာစင်ဝင်းဂါးက ‘အိုဇေးလ်ဂိုးတွေပြန်သွင်းရမယ့် အချိန်ရောက်ပြီလို့ ထင်ပါတယ်။ သူ့အနေနဲ့ ယုံကြည်မှုပြန်လည်ရရှိဖို့ လိုအပ်နေတာပါ။

နည်းစနစ်ပိုင်းအရလည်း အိုဇေးလ်အနေနဲ့ ယုံကြည်မှုအပြည့်အ၀ မရဘူးလို့ ကျွန်တော်ခံစားရပါတယ်။ အဲ့ဒါက ပြဿနာပါ။ ဘာကြောင့်လဲဆိုတော့ သူက ထူးခြားမှုတစ်ခုခုကို ယူဆောင်လာနိုင်သူလို့ ထင်နေကြလို့ပါ။ ပြီးခဲ့တဲ့ သောကြာနေ့ကတော့ သူနဲ့ စကားပြောခဲ့ပါသေးတယ်။ သူ့ပုံစံက ပုံမှန်ပါပဲ’ ဟု ပြောဆိုခဲ့သည်။

လာမည့် ဘိုင်ယန်မြူးနစ်နှင့် ချန်ပီယံလိဂ်ပွဲအတွက်မှု အာစင်ဝင်းဂါးက ‘ဘိုင်ယန်မြူးနစ်နဲ့ တွေ့ဆုံမှုမှတ်တမ်းတွေက ကျွန်တော်တို့အတွက် ဆိုးပါတယ်။ ဒါပေမဲ့ အဲ့ဒါကပဲ ကျွန်တော်တို့အတွက် အကောင်းဆုံးအခွင့်အရေးလို့ ထင်ပါတယ်’ ဟု ပြောဆိုခဲ့သည်။

အာဆင်နယ်အသင်းသည် ပြီးခဲ့သည့်လေးနှစ်အတွင်းဘိုင်ယန်နှင့် နှစ်ကြိမ်တွေ့ဆုံခဲ့ရာတွင် နှစ်ကြိမ်စလုံးအရေးနိမ့်ခဲ့ပြီး ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။

ရည်ညွှန်း ဆော်ကာဝေး


From : မဇ္ဈိမ မီဒီယာ by အောင်ငြိမ်းသွေး

Originally published at - http://mizzimaburmese.com/article/23477

No comments:

Post a Comment