
မန်ယူ တိုက်စစ်မှူး အီဗရာဟီ မိုဗစ်ျက သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်လို့ မဆုံးဖြတ် ရသေးဘူးလို့ ပြောလိုက် ပါတယ်။
အသက် ၃၅ နှစ် အရွယ် တိုက်စစ်မှူးဟာ မန်ယူ အသင်းကို ပြီးခဲ့တဲ့ နွေရာသီမှာ ၁ နှစ် စာချုပ်နဲ့ ရောက်ရှိ လာပြီး ဂိုးပေါင်း ၂၀ သွင်းယူ ထားပါတယ်။
တိုက်စစ် မှူးကတော့ စာချုပ် သက်တမ်းကို တိုးချင်ကြောင်း ပြောထားပါတယ်။
မန်ယူနည်းပြ မော်ရင်ဟို ကတော့ မိုဗစ်ခ်ျ အနေနဲ့ မန်ယူမှာ နောက်ထပ် ၁ ရာသီ ဆက်ပြီး နေလိမ့်မယ်လို့ ယုံကြည် aနပါတယ်။
တိုက်စစ်မှူး အီဗရာဟီ မိုဗစ်ခ်ျကတော့ အနာဂတ်နဲ့ ပတ်သက်လို့ ဘာတွေ ဖြစ်လာမလဲ ဆိုတာကို စောင့်ကြည့် ရမယ်လို့ ပြောပါတယ်။
မန်ယူအသင်းဟာ ဒီနှစ်ရာသီထဲ လိဂ်ဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲ အထိ ရောက်နေပြီး အက်ဖ်အေ ဖလားမှာတော့ ပဉ္စမအဆင့်ကို ရောက်နေပါတယ်။
ဒါ့အပြင် ယူရိုပါလိဂ် ပြိုင်ပွဲမှာလည်း မန်ယူအသင်းဟာ ရှုံးထွက် အဆင့်ကို ရောက်ရှိ နေပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/189094

No comments:
Post a Comment