
ဖေဖော်ဝါရီ ၁၂ ရက်ညက ယှဉ်ပြိုင် သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ချဲလ်ဆီး အသင်းက အဝေး ကွင်းမှာ ဘန်လေနဲ့ ၁ ဂိုးစီ သရေကျ သွားပါတယ်။
ချဲလ်ဆီးက ပွဲအစ ၇ မိနစ်မှာ တိုက်စစ်မှူး ပက်ဒရို သွင်းတဲ့ ဂိုးနဲ့ ဦးဆောင်နိုင် ခဲ့ပါတယ်။
အိမ်ရှင် ဘန်လေ အတွက် ချေပဂိုးကို ၂၄ မိနစ်မှာ ဘရက်ဒီက ပြန်လည် သွင်းယူပါတယ်။
ချဲလ်ဆီးဟာ ဘောလုံး ပိုင်ဆိုင်မှု တဘက်သတ် အသာစီး ယူနိုင်သလို ထိုးဖောက် ကန်သွင်းခွင့် တွေလည်း ပိုရ ခဲ့ပါတယ်။
ဘန်လေ ကတော့ နောက်ဆုံး ကစားထားတဲ့ အိမ်ကွင်း ၄ ပွဲစလုံးမှာ အနိုင်ရ ထားပါတယ်။
ချဲလ်ဆီး တိုက်စစ်မှူး ကော်စတာလည်း ပရီးမီးယားလိဂ်မှာ ၃ ပွဲဆက်တိုက် ဂိုးပေါက် ပျောက်ခဲ့ ပါတယ်။
ဒီပွဲအပြီးမှာတော့ ချဲလ်ဆီးက အမှတ်ပေးဇယားထိပ်မှာ အမှတ် ၆၀ နဲ့ ဆက်လက်ဦးဆောင်နေပြီး ဘန်လေကတော့ အမှတ် ၃၀ နဲ့ အဆင့် ၁၂ မှာ ရပ်တည်နေပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/189044

No comments:
Post a Comment