Sunday, February 12, 2017
အသင်းပြောင်းရန် အဆင်သင့် မဖြစ်သေးဟု အာစင်ဝင်းဂါး တုံ့ပြန်
အာဆင်နယ် နည်းပြ အာစင် ၀င်းဂါးက သူ့ အနေနဲ့ အသင်း ကနေ ထွက်ခွာဖို့ အတွက် အခုထက်ထိ အဆင်သင့် မဖြစ်သေး ဘူးလို့ ဟူးလ်စီးတီးကို ၂ ဂိုးပြတ်နဲ့ အနိုင် ရရှိ ခဲ့တဲ့ ပွဲအပြီးမှာ အီယန်ရိုက်ရဲ့ ပြောစကားကို တုံ့ပြန် ပြောကြား လိုက်ပါတယ်။
နည်းပြအာစင်ဝင်းဂါး ထွက်ခွာမယ်ဆိုပါက အက်သလက်တီကို နည်းပြ ဆီမြွန်နီ၊ နယူးကာဆယ်လ်နည်းပြ ရာဖာဘင်နီတက်ဇ်၊ ဒေါ့မန်နည်းပြ သောမက်စ်တက်ချဲလ်၊ အဲဗာတန်နည်းပြ ရော်နယ်ကိုးလ်မန်း နဲ့ ဘာစီလိုနာနည်းပြ အန်းနရစ်နဲ့ မိုနာကိုနည်းပြ လီယိုနာဒိုဂျာဒင်မ်တို့ တယောက်မဟုတ် တယောက် အာဆင်နယ်နည်းပြ ဖြစ်လာမယ်လို့ အသံတွေ ထွက်ပေါ်နေခဲ့တာပါ။
အာစင်ဝင်းဂါးအတွက် ၂ နှစ်စာချုပ်သက်တမ်းတိုးဖို့ အဆင်သင့်ဖြစ်နေပေမယ့် လာမယ့် ဘိုင်ယန်မြူးနစ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ် နဲ့ အက်ဖ်အေ ဖလားပြိုင်ပွဲ ရလဒ်တွေဟာ အရေးပါနေခဲ့ပါတယ်။
အာစင်ဝင်းဂါးဟာ အာဆင်နယ်အသင်းကို ၁၉၉၆ ခုနှစ်ကတည်းက စတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီးတော့ ပရီးမီးယားလိဂ်ဖလား ၃ ကြိမ်၊ အက်ဖ်အေဖလား ၆ ကြိမ်၊ ကွန်မြူနတီဒိုင်း ၆ ကြိမ် ရယူပေးထားတဲ့ နည်းပြတဦးလည်း ဖြစ်ပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/188998
Labels:
နည်းပြများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment