Sunday, February 12, 2017
ဝက်ဖို့ဒ်ကို ဂိုးသွင်းယူခဲ့သည့် မာရှယ် ယုံကြည်ချက် ရှင်သန် လာရန် နှိုးဆွ ပေးနိုင်ခဲ့ဟု မော်ရင်ဟိုပြော
ပြင်သစ် တိုက်စစ်မှူး အန်တိုနီ မာရှယ်ကို ၀က်ဖိုဒ့်နဲ့ ပွဲမှာ ယုံကြည်ချက်တွေ ပြန်လည် ရှင်သန် လာဖို့ ပြန်လည်နှိုးဆွ ပေးနိုင် ခဲ့တယ်လို့ နည်းပြ မော်ရင်ဟို က ထုတ်ဖော် ပြောကြား ခဲ့ပါတယ်။
မန်ယူအသင်းကို တိုက်စစ်မှူး အီဗရာဟီမိုဗစ် ရောက်ရှိလာတဲ့နောက်ပိုင်းမှာ အဓိက အထောင်တိုက်စစ်မှူးနေရာနဲ့ ကျောနံပါတ် ၉ နေရာကို လွှဲပြောင်းပေးခဲ့ရတဲ့အတွက် မပျော်ရွှင်ဖြစ်ခဲ့ပြီး နည်းပြမော်ရင်ဟိုနဲ့လည်း ဆက်ဆံရေး အေးစက်ခဲ့ပါတယ်။
မော်ရင်ဟိုက သူ့အနေနဲ့ မာရှယ်ကို ၀က်ဖိုဒ့်အသင်းရဲ့ နောက်ခံလူနဲ့ တစ်ယောက်ချင်းအတွေ့မှာ အော်ပြောခဲ့တယ်လို့ဆိုပါတယ်။
မာရှယ်ဟာ ဂိုးသွင်းယူခဲ့သလိုမျိုး ယုံကြည်ချက်တွေ လိုအပ်နေတာဖြစ်ပြီတော့ အခွင့်အရေးပေးခဲ့တာလည်းဖြစ်တယ်လို့ ဆိုပါတယ်။
မာရှယ်ဟာ ၀က်ဖိုဒ့်နဲ့ပွဲမှာ တစ်ကိုယ်တော်စွမ်းရည်နဲ့ နောက်ခံလူတွေကြားက ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/188968
Labels:
နည်းပြများ,
ဘောလုံးသမားများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment