
ဇန်န၀ါရီလ အတွက် ပရီးမီးယားလိဂ် တလတာ အကောင်းဆုံး ကစားသမား ဆုကို စပါး အသင်းကွင်း လယ် ကစားသမား အယ်လီနဲ့ အကောင်းဆုံး နည်းပြဆုကို ဆွမ်ဆီး နည်းပြ ပေါလ်စလီမန့် က ရရှိခဲ့ပါတယ်။
အသက် ၂၀ နှစ်ရှိ အင်္ဂလန် လက်ရွေးစင် ကစားသမား အယ်လီဟာ ဇန်ဝါရီလ အတွင်း ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲတွေမှာ သွင်းဂိုး ၅ ဂိုး ရခဲ့ပြီး စပါး အသင်းကလည်း ပရီးမီးယားလိဂ် လေးပွဲမှာ ၃ ပွဲ နိုင် ၁ ပွဲသရေ ရလဒ်နဲ့ အမှတ်ပေးဇယား ဒုတိယနေရာ အထိ တက်လှမ်းနိုင် ခဲ့တာပါ။
တလတာအကောင်း ဆုံးကစားသမားဆုကို ပထမဆုံးအကြိမ်ရခဲ့တဲ့အတွက် ပျော်ရွှင်မိပြီး အောင်မြင်မှုတခု ရရှိတာဖြစ်တယ်လို့ အယ်လီကဆိုပါတယ်။
ဆွမ်ဆီးအသင်းဟာ ဇန်န၀ါရီလအတွင်း ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲ စဉ် ၄ ပွဲမှာ ၃ ပွဲနိုင် ၁ ပွဲရှုံး ရလဒ်နဲ့ တန်းဆင်းဇုန်ထဲကနေ ရုန်းထွက်နိုင်ခဲ့တာကြောင့် ဆွမ်ဆီးနည်းပြ ပေါလ်စလီမန့် က ရရှိခဲ့တာဖြစ်ပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/188968

No comments:
Post a Comment