မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, February 12, 2017

နည်းပြဘ၀ နောက်ဆုံး အချိန်ရောက် နေပြီဟု အာစင်ဝင်းဂါး ပြော




နောက်ဆုံး အချိန်ကို ရောက်နေ ပြီလို့ အာစင်ဝင်းဂါးက ပြောကြား ခဲ့တယ်လို့ ကစားသမား ဟောင်း အီယန်ရိုက်က ပြောပါတယ်။

အာစင်ဝင်းဂါးနဲ့ အသင်း ကစား သမားဟောင်း အီယန်ရိုက် တို့ဟာ ကြာသာပတေး ညက တွေ့ဆုံခဲ့ပြီး အာစင်ဝင်းဂါးက နည်းပြ ဘ၀ရဲ့ အဆုံးသတ် ပိုင်း ရောက်လာ ပြီလို့ ပြောခဲ့တာလို့ အီယန်ရိုက်က ပြောကြား ခဲ့တာပါ။

ဒါ့အပြင် အာစင်ဝင်းဂါးဟာ ဖိအားဒဏ်ခံ စားရနေတဲ့ ပုံစံပေါက်နေပြီး မောပမ်းနွမ်းနယ်တဲ့ ပုံစံရှိတယ်လို့ အသင်း တိုက်စစ်မှူးဟောင်း အီယန်ရိုက် ကသုံး သပ်ခဲ့ပါတယ်။

အသက် ၆၇ နှစ်ရှိပြီဖြစ်တဲ့ အာစင်ဝင်းဂါးဟာ ဒီနှစ်ဘောလုံးရာသီ အကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး အသင်းနဲ့ စာချုပ် သက်တမ်း တိုးဖို့ ဆွေးနွေးခြင်း မရှိသေးပါဘူး။

လက်ရှိအချိန်မှာ အာဆင်နယ်အသင်းရလဒ်တွေဆိုးရွားနေတာကြောင့် ရာသီကုန်မှာလည်း အောင်မြင်မှုမရခဲ့ဘူးဆိုရင် အာစင်ဝင်းဂါးဘက်က စာချုပ် သက်တမ်း တိုးမှာ မဟုတ်ဘူး လို့လည်း သ တင်း တွေ ထွက်နေ ပါတယ်။

အသက် ၅၃ နှစ်ရှိပြီဖြစ်တဲ့ အာစင်နယ်တိုက်စစ်မှူးဟောင်း အီယန်ရိုက် ဟာ ၁၉၉၆ကနေ ၁၉၉၈ ခုနှစ်အထိ အာဆင်ဝင်းဂါး လက်အောက်မှာ ကစားခဲ့တဲ့ တိုက်စစ် မှူးဟောင်း တဦးဖြစ် ပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/188958

No comments:

Post a Comment