မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, February 12, 2017

အာဆင်နယ်အသင်း ဟားစီးတီးကို ၂-၀ ဂိုးဖြင့် အနိုင်ရ (ရုပ်သံဟိုက်လိုက်)




စနေနေ့ ညက အစောဆုံး ယှဉ်ပြိုင် သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အာဆင်နယ်က ဟားစီးတီးကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ သွားပါတယ်။

အာဆင်နယ် အတွက် ဦးဆောင်ဂိုးကို တိုက်စစ်မှူး ဆန်းချက်ဇ်ရဲ့ အငြင်း ပွားဖွယ် လက်ထိဘောကနေ ၃၄ မိနစ်မှာ ရသွား တာပါ။

အိမ်ကွင်း ဖြစ်ပေမယ့်လည်း အာဆင်နယ်အသင်း ခက်ခက်ခဲခဲ ယှဉ်ပြိုင်သွားရပြီး ဟားစီးတီးက အပြန်အလှန် ထိုးဖောက် ကစားနိုင်ခဲ့ပါတယ်။

ဟားစီးတီးဘက်က ကန်သွင်းချက်တွေကို အာဆင်နယ် ဂိုးသမား ပီတာချက် လက်စွမ်းပြ ကာကွယ်နိုင်ခဲ့ပါတယ်။

ဒုတိယဂိုးကိုတော့ ဟားစီးတီး ကစားသမား တယောက်အထုတ်ခံရပြီး ပင်နယ်တီကနေ ရသွားတာပါ။

အဲဒီ ပင်နယ်တီကို တိုက်စစ်မှူး ဆန်းချက်က သွင်းယူပြီး ၂ ဂိုးပြတ်နဲ့ အနိုင်ရ သွားပါတယ်။

ဒီပွဲနိုင်တဲ့ အာဆင်နယ်က အမှတ် ၅၀ နဲ့ အဆင့် ၃ နေရာမှာ ရှိနေပြီး ဟားစီးတီးကတော့ အမှတ် ၂၀ နဲ့ တန်းဆင်းဇုန်ထဲက အဆင့် ၁၈ နေရာမှာ ရပ်တည်နေပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/188841

No comments:

Post a Comment