မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, September 4, 2016

မန်ယူနောက်ခံလူ လုခ်ရှော ဒဏ်ရာကြောင့် လက်ရွေးစင် အသင်းမှ နုတ်ထွက်


Britain Football Soccer - Wigan Athletic v Manchester United - Pre Season Friendly - DW Stadium - 16/7/16 Manchester United's Luke Shaw before the game Action Images via Reuters / Lee Smith Livepic/Files

အင်္ဂလန် လက်ရွေးစင် အသင်းက မန်ယူ နောက်တန်း ကစားသမား လုခ်ရှောဟာ ခြေထောက် ဒဏ်ရာကြောင့် အသင်း လူစာရင်း ကနေ နုတ်ထွက် ခဲ့ရ ပါတယ်။

အင်္ဂလန် ဘယ်နောက်ခံ ကစားသမား လုခ်ရှောဟာ လေကျင့်ရေး အစီအစဉ် တစ်ခုမှာ ခြေထောက်ကြွက်သား ဒဏ်ရာ ရရှိခဲ့ပြီး စနေနေ့က ပြုလုပ်တဲ့ အင်္ဂလန် အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေမှာ မပါဝင်နိုင် ခဲ့တာပါ။

အသက် ၂၁ နှစ်ရှိ လုခ်ရှောဟာ ပြီးခဲ့တဲ့ရာသီအစကလည်း ခြေထောက်ကြွက် သားဒဏ်ရာကြောင့် ၁၂ လလောက် အနားယူခဲ့ရပါတယ်။

အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စု အဖွင့်ပွဲအဖြစ် ဆလိုဗက်ကီးယားနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး လုခ်ရှောဒဏ်ရာရရှိသွားလို့ သူ့ရဲ့ဘယ်နောက်ခံနေရာမှာ စပါးကဒန်နီရို့စ်ပွဲထွက် လာဖို့ရှိပါတယ်။

လုခ်ရှောအနေနဲ့ လာမယ့်တပတ်မှာ မန်စီးတီးနဲ့ ယှဉ်ပြိုင်ရမယ့် မန်ချက်စတာ ဒါဘီပွဲစဉ်မှာလည်း ပါဝင်ကစားနိုင်ဖို့ မသေချာတော့ပါဘူး။

မန်ယူကွင်းလယ်လူ တဦးဖြစ်တဲ့ အမ်ခီတာယန်မှာလည်း အယ်လ်ဘေးနီးယားနဲ့ ချက်တို့ကစားတဲ့ပွဲမှာ ဒဏ်ရာရရှိသွားလို့ တပတ်ခန့်အနား ယူရမှာဖြစ်ပါတယ်။

by DVB

Originally published at - http://burmese.dvb.no/archives/166999

No comments:

Post a Comment