မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, September 4, 2016

အာရှဝူရှူး ချန်ပီယံရှစ် ပြိုင်ပွဲတွင် အေးသစ္စာမြင့် ရွှေတံဆိပ် ရရှိ




တရုတ် တိုင်ပေ နိုင်ငံမှာ ကျင်းပ နေတဲ့ ၉ ကြိမ်မြောက် အာရှ ၀ူရှူး ချန်ပီယံရှစ် ပြိုင်ပွဲမှာ မြန်မာ့ လက်ရွေးစင် ၀ူရှူး ကစားသမား အေးသစ္စာမြင့်က ရွှေတံဆိပ် ရယူနိုင် ခဲ့ပါတယ်။

အေးသစ္စာမြင့်ဟာ ၀ူရှူး ပြိုင်ပွဲရဲ့ နန်းတောင်း ပြိုင်ပွဲ အမျိုးအစားမှာ ရွှေတံဆိပ် ရရှိခဲ့တာ ဖြစ်ပြီး ဟောင်ကောင်က ဒုတိယ၊ ဗီယက်နမ်က တတိယ ရရှိခဲ့ ပါတယ်။



အာရှ ၀ူရှူး ချန်ပီယံရှစ် ပြိုင်ပွဲမှာ မြန်မာနိုင်ငံက အမျိုးသား ပြိုင်ပွဲမှာ ငြိမ်းချမ်း ကိုကိုနဲ့ အမျိုးသမီး ပြိုင်ပွဲမှာ စန္ဒီဦး၊ မြတ်သက် ဆုဝေဖြိုးနဲ့ အေးသစ္စာမြင့်တို့ ၀င်ရောက် ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။



နန်းတောင်း ပြိုင်ပွဲမှာ ရွှေတံဆိပ် ရခဲ့တဲ့ အေးသစ္စာမြင့်ဟာ နမ်းချွမ် ပြိုင်ပွဲမှာလည်း တတိယ ကြေးတံဆိပ် ရရှိခဲ့ ပါတယ်။

ဝူရှူးပြိုင်ပွဲမှာ ဆန်းဆို အတိုက်ပြိုင်ပွဲနဲ့ ထောက်လု အပြပြိုင်ပွဲ နှစ်မျိုးရှိပြီး မြန်မာ ကစားသမားတွေ အနေနဲ့ အပြပြိုင်ပွဲတွေမှာပဲ ၀င်ရောက် ယှဉ်ပြိုင် ခဲ့တာဖြစ်ပါ တယ်။

အာရှဝူရှူးချန်ပီယံ ပြိုင်ပွဲကို စက်တင်ဘာ ၅ ရက် အထိ ကျင်းပ သွားမှာ ဖြစ်ပါတယ်။

by DVB

Originally published at - http://burmese.dvb.no/archives/167012

No comments:

Post a Comment