မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, September 5, 2016




ဘာစီလိုနာ အသင်းဟာ ကစား သမားဟောင်း ရော်နယ် ဒင်ဟိုကို အသင်းရဲ့ သံတမန် အဖြစ် ခန့်အပ် လိုက်ပါတယ်။

ဘာစီလိုနာ အသင်းရဲ့ ရုံးခွဲ သစ်ကို အမေရိကန် နိုင်ငံ နယူးယောက် မြို့မှာ ဖွင့်လှစ်မှာ ဖြစ်ပြီး နိုင်ငံ တကာမှာ ဘာစီလိုနာ အသင်းရဲ့ ပုံရိပ် ပိုမို ကြီးထွား လာစေဖို့ အတွက် ရော်နယ် ဒင်ဟိုကို သံတမန် အဖြစ် ခန့်အပ် ခဲ့တာပါ။

ဘရာဇီးတိုက်စစ်မှူး ရော်နယ်ဒင်ဟိုဟာ ဘာစီလိုနာအသင်းမှာ ၂၀၀၃ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အထိ ကစားခဲ့ပြီး လာလီဂါဖလား ၂ လုံးနဲ့ ချန်ပီယံလိဂ်ဖလား ၁ လုံး ရယူနိုင်ခဲ့ပါတယ်။

၂၀၀၄ နဲ့ ၂၀၀၅ ခုနှစ်တွေမှာ ကမ္ဘာ့အကောင်းဆုံးဆု ၂ ကြိမ်ဆက်ရခဲ့တဲ့ ရော်နယ်ဒင်ဟိုဟာ ၂၀၁၅ မှာ ကစားသမားဘ၀ကနေ အနားယူခဲ့ပြီးနောက် ဘာစီလိုနာအသင်းက အသင်းရဲ့ သံတမန် ၁ ဦးအဖြစ် ပြန်လည်ခေါ်ယူ ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ - ရိုက်တာ

By ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/167045

No comments:

Post a Comment