
၂၀၁၈ ကမ္ဘာ့ ဖလား ခြေစစ်ပွဲ အုပ်စု အက်ဖ်က ဆလို ဗက်ကီးယားနဲ့ အင်္ဂလန်တို့ စက်တင်ဘာ ၄ ရက်ညက ယှဉ်ပြိုင်ရာ အင်္ဂလန်က ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ သွားပါတယ်။
နည်းပြသစ် ဆမ်အလာဒိုက်စ် အတွက်တော့ အင်္ဂလန် အသင်းကို ကိုင်တွယ်တဲ့ ပထမဆုံး ပွဲစဉ်မှာ အနိုင်ရလို့ ကျေနပ် စရာ ဖြစ်ခဲ့ ပါတယ်။
ဆလို ဗက်ကီးယားနဲ့ အင်္ဂလန် အသင်းတို့ဟာ ဒီနှစ်ထဲမှာပဲ ယှဉ်ပြိုင်ခဲ့တဲ့ ယူရို ၂၀၁၆ အုပ်စုတွင်း တွေ့ဆုံ ခဲ့စဉ်ကတော့ ဂိုးမရှိသရေ ကျခဲ့ တာပါ။
အင်္ဂလန်ဟာ ဒီပွဲစဉ် အဝေး ကွင်းမှာ ယှဉ်ပြိုင် ရပေမယ့် ဘောလုံး ပိုင်ဆိုင်မှုရော ဂိုးကန်သွင်းခွင့်တွေ မှာပါ အသာစီး ရယူနိုင် ခဲ့ပါတယ်။
ပွဲချိန် ၅၇ မိနစ်မှာ ဆလိုဗက်ကီးယား နောက်ခံလူ စကာတဲလ် နှစ်ဝါတနီနဲ့ အထုတ်ခံခဲ့ရပါတယ်။
အင်္ဂလန်အသင်းအတွက် တလုံးတည်းသော အနိုင်ဂိုးကို နာကျင်အချိန်ပိုမှာ ကွင်းလယ်လူ လယ်လာနာက သွင်းယူပေးခဲ့ပါတယ်။
ဒီအုပ်စုက အခြားပွဲစဉ်တွေမှာတော့ စကော့တလန်က မော်လ်တာကို ၅ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး လစ်သူယေးနီးယားနဲ့ ဆလိုဗေးနီးယားတို့ကတော့ ၂ ဂိုးစီ သရေကျခဲ့ပါတယ်။
၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စုအက်ဖ်က တပွဲစီ ကစားပြီးချိန်မှာ စကော့တလန်နဲ့ အင်္ဂလန်တို့က ရမှတ် ၃ မှတ်စီ တူညီနေပေမယ့် သွင်းဂိုးကွာခြားချက်အရ စကော့တလန်က အုပ်စုကို ဦးဆောင်ပြီး အင်္ဂလန်က အုပ်စု ဒုတိယနေရာမှာ အသီးသီး ရပ်တည်နေပါတယ်။
By ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/167052

No comments:
Post a Comment