
စပိန် လက်ရွေးစင် ဂိုးသမား ကာဆီလက်က လက်ရွေးစင် ကစားသမား ဘ၀ကနေ အနား ယူတော့ မယ်လို့ အရိပ် အမြွက် ပြောဆို လိုက်ပါတယ်။
အသက် ၃၅ နှစ် အရွယ် ဂိုးသမားဟာ စပိန်အသင်း ယူရိုပြိုင်ပွဲ ကနေ ထွက်သွား ရပေမယ့်လည်း ပါဝင် ကစားခွင့် မရဘဲ အရန် ထိုင်ခုံပေါ်မှာသာ အချိန်ကုန် ခဲ့ရပါတယ်။
နည်းပြ ဒယ်ဘောစကေးက ယူရိုပြိုင်ပွဲမှာ မန်ယူ ဂိုးသမား ဒီဂီယာကိုပဲ ပွဲထွက် ကစားသမား အဖြစ် အသုံးပြု သွားပါတယ်။
ဒါကြောင့် ဂိုးသမား ကာဆီးလက်ဟာ ၁၆ နှစ်ကြာ လက်ရွေးစင် ကစားသမားဘ၀ကို အဆုံးသတ်ဖို့ စဉ်းစားလာတာ ဖြစ်ပါတယ်။
သူဟာ စပိန်အသင်းနဲ့အတူ ၂၀၀၀ ပြည့်နှစ်မှာ ပွဲထွက် ကစားခွင့်ရခဲ့ပြီး ၁၆၇ ပွဲ ကစားပေးထားပါတယ်။
စပိန်ဂိုးသမား ကာဆီးလက်ဟာ လောလောဆယ် ပေါ်တူဂီကလပ် ပေါ်တိုအသင်းမှာ ကစားနေပါတယ်။
by DVB
Originally published at - http://burmese.dvb.no/archives/157052

No comments:
Post a Comment