မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, August 4, 2016

ဗီယက်နမ်နှင့်ပွဲတွင် ကွင်းလယ်ဒိုင်ဆုံးဖြတ်ချက် မှန်ကန်ဟု မြန်မာ နည်းပြပြော




ဗီယက်နမ်ကို ရှုံးခဲ့တဲ့ အကြို ဗိုလ်လုပွဲမှာ ကွင်းလယ် ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက် မှန်ကန် ခဲ့တယ်လို့ မြန်မာ အမျိုးသမီး အသင်းနည်းပြက ပြောပါတယ်။

မြန်မာနဲ့ ဗီယက်နမ် အသင်းတို့ရဲ့ အကြို ဗိုလ်လု ပွဲစဉ်မှာ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်လို့ ပရိသတ်တွေက အရာဝတ္ထု တွေနဲ့ ပစ်ပေါက် ခဲ့ကြပြီး နာရီ ၀က်လောက် ပွဲရပ်နား ခဲ့ရပေမယ့် ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ဟာ မှန်ကန်မှု ရှိတယ်လို့ မြန်မာ နည်းပြက သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆို လိုက်တာပါ။

မြန်မာ ကစားသမားတွေ အနေနဲ့ ဗီယက်နမ် ကစားသမား တွေနဲ့ ယှဉ်ရင် အတွေ့အကြုံနဲ့ ဖိအားဒဏ် ခံနိုင်မှုမှာ အားနည်း ခဲ့တယ် လို့လည်း မြန်မာနည်းပြက ထောက်ပြ ပါတယ်။

မြန်မာနဲ့ ဗီယက်နမ် အသင်းတို့ရဲ့ ပွဲစဉ်ကို တောင် ကိုရီးယားနိုင်ငံသူ ယွန်ဂျောင်က ကွင်းလယ်ဒိုင် အဖြစ် ကိုင်တွယ် ခဲ့ပြီး ပြိုင်ပွဲကြီးကြပ်သူ အဖြစ် မလေးရှားနိုင်ငံသူ မူစတာဖာက တာဝန် ယူခဲ့ တာပါ။

ပြိုင်ပွဲဖြစ်စဉ် အသေးစိတ်ကို အာဆီယံ ဘောလုံး အဖွဲ့ချုပ်ထံ တင်ပြ ထားလို့ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အနေနဲ့ အာဆီယံ ဘောလုံး အဖွဲ့ချုပ်ရဲ့ အရေး ယူတာ ခံရဖို့ ရှိနေ ပါတယ်။

ဓာတ်ပုံ - အမ်အက်ဖ်အက်ဖ်

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/162101

No comments:

Post a Comment