Thursday, August 4, 2016
နိုင်ငံတကာ ချန်ပီယံ ဖလား ဘာစီလိုနာ ၄ – ၂ လက်ဆက်စတာ (ရုပ်သံဟိုက်လိုက်)
နိုင်ငံတကာ ချန်ပီယံ ဖလားပြိုင်ပွဲ အဖြစ် စပိန် လာလီဂါ ထိပ်သီး ဘာစီလိုနာနဲ့ ပရီးမီးယားလိဂ် ချန်ပီယံ လက်ဆက်စတာ စီးတီးတို့ ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့မှာ သြဂုတ် ၄ ရက် မနက် အစောပိုင်းက ယှဉ်ပြိုင်ရာ ဘာစီလိုနာက ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။
ဘာစီလိုနာဟာ ဒီပွဲမှာ မက်ဆီ၊ ဆွာရက်ဇ် စတဲ့ နာမည်ကြီး ကစားသမားတွေနဲ့ ပွဲထွက် လာခဲ့ သလို လက်ဆက် စတာကလည်း တိုက်စစ်မှူး ဗာဒီ၊ မာရက်ဇ် တို့ ပွဲထွက် ပါဝင်ခဲ့ ပါတယ်။
ဘာစီလိုနာအတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၂၆ နဲ့ ၄၅ မိနစ်တွေမှာ အယ်လ် ဟတ်ဒါဒီ၊ ၃၄ မိနစ်မှာ ဆွာရက်ဇ်နဲ့ ၈၄ မိနစ်မှာ မူဂျီကာ တို့က သွင်းယူပေး ခဲ့ပါတယ်။
လက်ဆက်စတာ အတွက်တော့ ၄၈ မိနစ်နဲ့ ၆၆ မိနစ်တွေမှာ ဒီရာသီ ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူ ထားတဲ့ တိုက်စစ်မှူး အာမက် မူဆာက သွင်းယူပေး ခဲ့ပါတယ်။
တိုက်စစ်မှူး မူဆာဟာ ဒီပွဲ ဒုတိယပိုင်းမှ လူစား ၀င်လာခဲ့ပြီး ချေပဂိုး ၂ ဂိုး သွင်းယူပေး ခဲ့တာပါ။
လက်ဆက်စတာ စီးတီး အသင်းဟာ လာမယ့် သြဂုတ် ၇ ရက်နေ့မှာ ကွန်မြူနတီဒိုင်း ပြိုင်ပွဲ အဖြစ် မန်ယူနဲ့ ယှဉ်ပြိုင် ရမှာ ဖြစ်ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/162118
Labels:
ရုပ်သံ,
ဘောလုံးပွဲ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment