မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, January 6, 2017

ဘာစီလိုနာအသင်း အိမ်ရှင် ဘီလ်ဘာအို ကို ၂-၁ ဖြင့် ရှုံးနိမ့်




ပြီးခဲ့တဲ့ ဇန်န၀ါရီ ၅ ရက်နေ့ညက ယှဉ်ပြိုင် သွားတဲ့ စပိန် ကိုပါဒယ်ရေ ဖလား ရှုံးထွက် ပထမ အကျော့ ပွဲစဉ်မှာ နာမည်ကြီး ဘာစီလိုနာအသင်း ရှုံးနိမ့် သွားပါတယ်။

အဝေးကွင်းမှာ ယှဉ်ပြိုင်တဲ့ ပွဲစဉ်မှာ ဘီလ်ဘာအိုက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ သွားတာပါ။

ပထမပိုင်းမှာတင် ဘီလ်ဘာအိုအသင်းက ၂ ဂိုးအသာနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဘာစီလိုနာ အတွက် ချေပဂိုး ၁ ဂိုးကို ၅၂ မိနစ်မှာ တိုက်စစ်မှူး မက်ဆီက သွင်းယူပါတယ်။
ဘာကာက ဒီပွဲမှာ အဓိက ကစားသမားတွေနဲ့ ယှဉ်ပြိုင် သွားတာပါ။

ပထမပိုင်းမှာ အိမ်ရှင် ဘီလ်အာအိုက ထိန်းချုပ် ကစားသွားနိုင်ပေမယ့်လည်း ဒုတိယပိုင်းမှာ ဘာကာက ဖိအားပေး ကစားနိုင်ခဲ့ပါတယ်။

ဘီလ်ဘာအိုက ၇၄ မိနစ်မှာ တယောက်၊ မိနစ် ၈၀ မှာ နောက်တယောက် အထုတ်ခံရပြီး ၉ ယောက်တည်းနဲ့ ယှဉ်ပြိုင်သွားရပါတယ်။

ဒါပေမယ့် ဘာစီလိုနာအသင်း ဂိုးထပ်မသွင်းနိုင်လို့ အရှုံးပေးလိုက်ရပါတယ်။

ဒုတိယအကျော့ ရှုံးထွက်ပွဲစဉ်ကိုတော့ လာမယ့် ဇန်န၀ါရီ ၁၁ ရက်နေ့မှာ ဘာစီလိုနာက အိမ်ကွင်းမှာ လက်ခံ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/182843

No comments:

Post a Comment