မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, May 12, 2016

မိုရာတာ၊ အမ်ခီတာရန်နှင့် ဇာခါတို့ကို ခေါ်ယူရန် အာဆင်နယ် ကြိုးပမ်းနေ




မေ ၁၂၊ လန်ဒန်

အာဆင်နယ် အသင်းသည် ဒေါသ ထွက်နေသည့် ပရိသတ်များကို ဖြေသိမ့်နိုင်ရန် အတွက် ဂျူဗင်တပ်စ် တိုက်စစ်မှူး မိုရာတာ၊ ဒေါ့မွန် ကွင်းလယ် တိုက်စစ် ကစားသမား အမ်ခီတာရန်နှင့် မိုချင် ဂလတ်ဘတ် ကွင်းလယ်လူ ဂရာနစ် ဇာခါတို့ကို ခေါ်ယူရန် ပြင်ဆင်လျက် ရှိသည်။

ထိုကစားသမား သုံးဦးအတွက် အာဆင်နယ်အသင်းမှာ ပြောင်းရွှေ့ကြေး စုစုပေါင်း ပေါင်သန်း ၈၀ ခန့် အသုံးပြုရဖွယ်ရှိနေသည်။ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် ပြီးခဲ့သည့် ရာသီက ပြည်ပမှ ကစားသမားများကို မ၀ယ်ယူသည့် တစ်ဦးတည်းသော နည်းပြ ဖြစ်သည်။

အာဆင်နယ်အသင်းသည် ဆွစ်ဇာလန်ကွင်းလယ်ကစားသမား ဇာခါနှင့် မိုရာတာတို့အတွက် ပေါင်သန်း ၆၀ ခန့် အသုံးပြုရမည် ဖြစ်ပြီး အမ်ခီတာရန်အတွက် ပေါင်သန်း ၂၀ အသုံးပြုရဖွယ်ရှိနေသည်။

ရီးယဲလ်အသင်းက ၎င်းတို့၏ လူငယ်တိုက်စစ်မှူး မိုရာတာကို ဂျူဗီအသင်းထံမှ ပေါင် ၂၃ သန်းဖြင့် ပြန်ခေါ်ရန် ပြင်ဆင်နေသည့်အတွက် အာဆင်နယ်အသင်းမှာ မိုရာတာအတွက် ပေါင်သန်း ၃၀ ခန့် အသုံးပြုရဖွယ်ရှိနေခြင်း ဖြစ်သည်။

အာဆင်နယ်အသင်း၏ တိုက်စစ်မှူး ၀ဲလ်ဘတ်မှာ ကာလရှည်အနားယူရမည့် ဒူးဒဏ်ရာရရှိသွားသည့်အတွက် အာဆင်နယ်အသင်းမှာ တိုက်စစ်အင်အားဖြည့်ရန် မိုရာတာနှင့် အမ်ခီတာရန်တို့ကို ခေါ်ယူရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။ ထို့အပြင် ဆန်းချက်ဇ်ကို ဂျူဗင်တပ်စ်နှင့် ဘိုင်ယန်မြူးနစ်တို့က ခေါ်ယူရန် အလိုရှိနေခြင်းကြောင့်လည်း ထိုတိုက်စစ်ကစားသမားနှစ်ဦးကို ခေါ်ယူလိုနေခြင်း ဖြစ်သည်။

ထို့အပြင် အာဆင်နယ်အသင်းသည် ရိုးမားနောက်ခံလူ အန်တိုနီယိုရူဒီဂါကိုလည်း ခေါ်ယူလိုလျက်ရှိသည်ဟု သတင်းများ ထွက်ပေါ်နေသည်။ ယင်းကစားသမားကို ချယ်လ်ဆီးကလည်း ချိတ်ဆက်လျက်ရှိသည်။

အာတီတာ၊ ရိုဆစ်စကီးနှင့် ဖလာမီနီတို့သည် လာမည့်ရာသီသစ်တွင် အာဆင်နယ်မှ ထွက်ခွာရန် သေချာသလောက်ရှိနေကြပြီး ၀ဲလ်ကော့၊ မာတီဆက်ကာ၊ ဒီဘူချီနှင့် ကီရန်ဂစ်တို့လည်း အသင်းပြောင်းဖွယ်ရှိနေကြသည်။

ရည်ညွှန်း သည်ဆန်း

မဇ္ဈိမသတင်း by - အောင်ငြိမ်းသွေး

Originally published at - http://mizzimaburmese.com/article/14121

No comments:

Post a Comment