မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, May 13, 2016

ခွေးစာ စားသဖြင့် တင်းနစ်မယ် ဆရီနာ ၀ီလီယံ နေမကောင်းဖြစ်




အီတလီ အိုပင်း တင်းနစ် ပြိုင်ပွဲ နောက်ဆုံး ၈ ဦး စာရင်း မ၀င်မှီ ကမ္ဘာ အဆင့် ၁ တင်းနစ်မယ် ဆရီနာ ၀ီလီယံက ခွေးစာ စားလို့ နေမကောင်း ဖြစ်ခဲ့ ပါတယ်။

အမေရိကန်က ခရစ္စတီနာ မက်ဟေလီနဲ့ မကစားမှီ သူရဲ့ ခွေးကလေး ချစ်အတွက် ၀ယ်ထားတဲ့ ခွေးစာ တစွန်းလောက်ကို စမ်းသပ် စားခဲ့တာ ဖြစ်ပါတယ်။

ဒီနောက် ၂ နာရီ အကြာ မအီမသာ ဖြစ်ခဲ့ ရပြီး အိမ်သာကို ပြေးနေ ရတယ်လို့ ဆိုပါတယ်။

ဒီအစာထဲမှာ ဘာတွေ ထည့်ထား သလဲဆိုတာ မသိသလို လူတွေ မစားသင့်တဲ့ အရာလို့ မမှတ်ထင် မိတဲ့အကြောင်း ဒါကိုလည်း ရေးထား သင့်တယ်လို့ ၀ီလီယံက ပြောပါတယ်။

တစွန်းသာ စားမိပေမယ့် မအီမသာဖြစ်နေ မိတယ်လို့လည်း သူက ၀န်ခံ သွားပါတယ်။

မအီမသာဖြစ်ရာကနေ သက်သာလာခဲ့အပြီးမှာ ၀ီလီယံက မက်ဟေလီကို အနိုင်ကစားပြီး နောက်ဆုံး ဇကာတင် ၈ ဦးစာရင်းဝင်ခဲ့တာ ဖြစ်ပါတယ်။

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/149500

No comments:

Post a Comment