မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, May 13, 2016

အရက်မူးပြီး ဒိုင်လုပ်ခဲ့သူ ၂ ဦးကို ချက်ဘောလုံး အဖွဲ့ချုပ် တားမြစ်




ထိပ်တန်း ပြိုင်ပွဲတွေမှာ အရက် မူးပြီး ဒိုင်လုပ် ခဲ့သူ ၂ ဦးကို ချက်ဘောလုံး အဖွဲ့ချုပ် (FACR)က တားမြစ် လိုက်ပါတယ်။

ဆလေဗီယာ ပရက်နဲ့ တန်းဆင်းဇုန်က ရုန်းကန် နေရတဲ့ အက်ဖ်ကေ ပရီဘန်တို့ ပွဲမှာ ဖြစ်ပွား ခဲ့တာ ဖြစ်ပါတယ်။

ကွင်းပြင်က အကူ ဒိုင်တွေဖြစ်တဲ့ မာရက်ပေနီနဲ့ ဂျာရီဂျက်တို့ ၂ ဦးဟာ လိုင်စင် ရုတ်သိမ်း ခံရဖွယ် ရှိပြီး စည်းမျဉ်း အရ အရေးယူ သွားမယ်လို့ FARC က ပြောပါတယ်။

ပေနီကတော့ အရက်မှုးတာ သိသာနေသလို ဂျက်ကလည်း ပြိုင်ပွဲ ကစားနေစဉ် ဆီးခဏခဏ သွားတာ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ပေနီရဲ့ လုပ်ရပ်ကတော့ ဗွီဒီယိုနဲ့ ရိုက်ကူးထားပြီး ယူကျူပေါ်တင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒီလိုအခြေအနေကို တားမြစ်နိုင်ခြင်းမရှိတဲ့အတွက် ကြီးကြပ်ဒိုင်နဲ့ စည်းကြပ်ဒိုင် ၂ ဦးကိုတော့ ဒီရာသီကုန်အထိ အနားပေးထားတယ်လို့ ဆိုပါတယ်။

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/149508

No comments:

Post a Comment