
၂၀၁၆ ခုနှစ် ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲ တွေကို ယူကျူမှာ တိုက်ရိုက် ပြသ သွားမှာ ဖြစ်ပါတယ်။
BT Sport အသံလွှင် ဌာနက ပြိုင်ပွဲတွေကို ထုတ်လွှင့်ခွင့် ရရှိ ထားပြီး ဒီ၂ ပွဲလုံးကို အင်တာနက်က တဆင့် ထုတ်လွှင့် ပြသသွားမှာ ဖြစ်ပါတယ်။
ထုတ်လွှင့်ခွင့်အတွက် တရားဝင်သဘောတူညီမှုရယူထားတဲ့ ကုမ္ပဏီက ယူကျူမှာ ပထမဆုံး တရားဝင် တိုက်ရိုက် ထုတ်လွှင့်ပေးတာလည်း ဖြစ်ပါတယ်။
၂၀၁၃ ခုနှစ်က ၃ နှစ်စာချုပ်အဖြစ် ပေါင် ၈၉၇ သန်းတန် ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ် ပြိုင်ပွဲတွေကို ထုတ်လွှင့်ပြသခွင့် သဘောတူညီချက်ကို BT Sportက ကြေညာပါတယ်။
မေ ၂၈ ရက် ချန်ပီယံလိဂ် ဗိုလ်လုပွဲအဖြစ် စပိန်လာလီဂါက ရီးရဲလ်မက်ဒရစ်နဲ့ အက်သလက်တီကို မက်ဒရစ်တို့ ကစားကြမှာ ဖြစ်သလို မေ ၁၈ ရက် ယူရိုပါလိဂ် ဗိုလ်လုပွဲအဖြစ် ဆီးဗီးလားနဲ့ လီဗာပူးအသင်းတို့ ကစားကြမှာ ဖြစ်ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/149517





No comments:
Post a Comment