မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, May 12, 2016

အက်ဒီးဒက်စ်နှင့် လမ်းခွဲပြီးနောက် တစ်နှစ်ပေါင်သန်း ၅၀ တန် ဝတ်စုံ စပွန်ဆာ ချယ်လ်ဆီး လိုချင်




မေ ၁၂၊ လန်ဒန်

အက်ဒီးဒက်စ်သည် မန်ချက်စတာ ယူနိုက်တက် အသင်းနှင့် တန်ဖိုး အမြောက် အမြားရှိ နှစ်နှစ်ခွဲ စာချုပ်ချုပ်ပြီးနောက် ချယ်လ်ဆီး အသင်းနှင့် အက်စ်ဒီးဒက်စ် တို့သည် ဝတ်စုံ စပွန်ဆာ အဖြစ်လက်တွဲ လာမှုမှ ခြောက်နှစ်စောပြီး နှစ်ဦး သဘောတူ ရပ်ဆိုင်း ကြတော့မည် ဖြစ်သည်။

အက်ဒီးဒက်စ်သည် ယူနိုက်တက်၊ ရီးယဲလ် မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်၊ ဂျူဗင်တပ်နှင့် ကစားသမား သစ်များကို ပိုမို အာရုံစိုက် လာသောကြောင့် ချယ်လ်ဆီး အသင်းက စိတ်ပျက် လာကာ လာမည့် ရာသီ ကုန်တွင်လမ်းခွဲရန် နှစ်ဖက် သဘောတူ ခဲ့ခြင်းဖြစ်သည်ဟု ဒေးလီးမေးလ်က ဖော်ပြသည်။

ချယ်လ်ဆီးအသင်း၏ဝတ်စုံစပွန်ဆာတန်ဖိုးမှာ ပေါင် ၇၅ သန်းတန်သည့် ယူနိုင်တက်နှင့်နှိုင်းယှဉ်လျှင် တစ်နှစ်ပေါင်သန်း ၃၀ သာရှိသည်။ အက်ဒီးဒက်စ်နှင့်လမ်းခွဲရန် ပေါင်သန်း ၄၀ ဖြင့်သဘောတူခဲ့သည့် ချယ်လ်ဆီးအသင်းသည် တစ်နှစ်လျှင်အနည်းဆုံးပေါင်သန်း ၅၀ ရချင်နေ ခြင်းဖြစ်သည်။

ယင်းပမာဏကိုပေးချင်သည့် နိုက်ကီသည် ၂၀၁၇-၁၈ ရာသီတွင် ဝင်ဘာလေကွင်းကို အိမ်ကွင်းအဖြစ် ချယ်လ်ဆီးအသင်းနှင့် ပူးတွဲအသုံးပြု ဖွယ်ရှိသည့် စပါးအသင်းကိုလည်း ဝတ်စုံစပွန်ဆာပေးရန် သဘောတူညီမှုရလုနီးပါးဖြစ်နေသည်။

အခြားဖြစ်နိုင်ချေရှိမှုအဖြစ် ဂျပန်မှ ယူနစ်ကလိုကလည်း စပွန်ဆာပေးချင်နေသည်။ လက်ရှိတွင်ဂျပန်မှ ယိုကိုဟားမားက ချယ်လ်ဆီးအသင်းကို တစ်နှစ်ပေါင်သန်း ၄၀ တန် ရင်ဘတ်စပွန်ဆာပေးထားသည်။ တရုတ်မှ လီနင်းကလည်း ချယ်လ်ဆီးကို ဝတ်စုံစပွန်ဆာ ပေးလိုနေသည်။

Ref; Daily Mail

မဇ္ဈိမသတင်း by - ဝေဘုန်းလူ

Originally published at - http://mizzimaburmese.com/article/14113

No comments:

Post a Comment