ဓာတ်ပုံ - ရိုက်တာ
အင်္ဂလန် ပရီးမီးယားလိဂ်က ချဲလ်ဆီး ကွင်းလယ် ကစားသမား ရာမီရက်စ်ဟာ တရုတ် စူပါလိဂ် ကလပ် ဂျန်ဆု ဆန်နင် အသင်းကို ပြောင်းရွှေ့ သွားပါတယ်။
တရုတ်ကလပ် ဂျန်ဆုက ဘရာဇီး ကွင်းလယ်လူ ရာမီရက်စ်ကို ပေါင် ၂၅ သန်းပေးပြီး ခေါ်ယူ သွားတာ ဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြ နေပေမယ့် ချဲလ်ဆီးကတော့ တရားဝင် ထုတ်ပြန်တာ မရှိပါဘူး။
အသက် ၂၈ နှစ် အရွယ် ကွင်းလယ် ကစားသမားဟာ ဒီနှစ်ရာသီမှာ ပုံမှန် ပွဲထွက်ခွင့် မရဘဲ ပရီးမီးယားလိဂ် ၇ ပွဲသာ ကစားခွင့် ရထားလို့ အသင်းပြောင်း သွားတာ ဖြစ်ပါတယ်။
သူဟာ ၂၀၁၀ ခုနှစ်မှာ ပေါ်တူဂီကလပ် ဘင်ဖီကာအသင်းကနေ ချဲလ်ဆီးကို ရောက်ရှိလာတာဖြစ်ပြီး ပွဲပေါင်း ၂၅၁ ပွဲ ကစားပေးထားကာ ၃၄ ဂိုး သွင်းယူထားပါတယ်။
ရာမီရက်စ်ဟာ တရုတ်စူပါလိဂ်ကလပ်ကို ဒီနှစ်ရာသီထဲမှာ နောက်ဆုံး ပြောင်းရွှေ့လာတဲ့သူလည်း ဖြစ်ပါတယ်။
တရုတ်ကလပ်တွေမှာ ချဲလ်ဆီး တိုက်စစ်မှူးဟောင်း ဘာ၊ ဆန်းဒါးလန်း တိုက်စစ်မှူး အဆာမိုဂျန်၊ စပါးကွင်း လယ်ကစား သမားဟောင်း ပေါ်လင်ဟို တို့လည်း ပြောင်းရွှေ့ ကစားနေ ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/132663
No comments:
Post a Comment