မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, January 28, 2016

အေစီမီလန် တိုက်စစ်မှူးဟောင်း ပါတိုကို ချယ်လ်ဆီး အငှားဖြင့် ခေါ်ယူ




လန်ဒန်၊ ဇန်န၀ါရီ ၂၈

ချယ်လ်ဆီး အသင်းသည် ဆာအိုပေါ်လို အသင်းမှ အေစီမီလန် တိုက်စစ်မှူးဟောင်း ပါတိုကို ရာသီကုန် အထိ အငှား စာချုပ်ဖြင့် ခေါ်ယူ လိုက်ပြီ ဖြစ်သည်။

ပါတိုသည် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ဆာအိုပေါ်လိုမှ ဟိသရိုး aလဆိပ်သို့ ရောက်ရှိ လာခဲ့ပြီး လေဆိပ်တွင် 'ကျွန်တော် အရမ်းပျော် ပါတယ်။ ကျွန်တော့်ရဲ့အိပ်မက်တွေ အတွက် ဒီနေရာမှာ ကစားမှာပါ' ဟု ပြောဆို ခဲ့သည်။

ပါတိုသည် ဟစ်ဒင့်၏ အသင်းသို့ အငှားဖြင့် ရောက်ရှိ လာခြင်း ဖြစ်သော်လည်း ချယ်လ်ဆီးတွင် ခြေစွမ်းပြ ကစားနိုင်ပါက ပြောင်းရွှေ့ကြေးပေါင် ၇ သန်းဖြင့် အပြီးသတ် စာချုပ် ချုပ်ဆိုရန် နှစ်ဘက် အသင်းက သဘောတူ ထားကြသည်။

လေဆိပ်သို့ ရောက်ရှိ လာရာတွင် ပရိသတ်များကို ၎င်းကို လိုလို လားလား ကြိုဆို နှုတ်ဆက် ကြသည့် အတွက် ပါတိုမှာ အလွန်ပျော်ရွှင်လျက် ရှိသည်။ 'ချယ်လ်ဆီး အသင်းက ကျွန်တော့်ရဲ့ အိမ်အသစ်ပါ။

ချယ်လ်ဆီးရဲ့ အားပေးထောက်ခံမှု အတွက် ကျေးဇူးတင် ပါတယ်။ ကျွန်တော့် ပရိသတ်တွေ ကိုလည်း ကျေးဇူးတင် ပါတယ်' ဟု ပါတိုက ပြောသည်။

ပါတိုသည် ချယ်လ်ဆီးအသင်းတွင် အဓိက တိုက်စစ်မှူး ဒီယေဂိုကော်စတာ၏ နေရာကို ရရှိရန် ရီမီ၊ ဖယ်လ်ကာအိုတို့နှင့် အပြိုင် ကြိုးပမ်းရမည် ဖြစ်သည်။

အသက် ၂၆ နှစ်အရွယ်သာ ရှိသေးသည့် ပါတိုသည် ပြီးခဲ့သည့်ရာသီက ဆာအိုပေါ်လိုအသင်းတွင် ၂၆ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် အင်္ဂလန်တွင် လာရောက်ကစားရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။

'တစ်နေ့မှာ အင်္ဂလန်ကို လာရောက်ကစားခွင့်ရမယ်ဆိုတာ သိပြီးသားပါ။ ဘာကြောင့်လဲဆိုတော့ ပရီးမီးယားလိဂ်က ကမ္ဘာပေါ်မှာ အကောင်းဆုံးပြိုင်ပွဲလို့ ထင်ပါတယ်။ အလွန်ပြိုင်ဆိုင်မှု ပြင်းထန်တဲ့လိဂ်ပါ။ အင်္ဂလန်လိဂ်မှာ ကစားဖို့ တကယ်ပဲ စိတ်လှုပ်ရှားမိပါတယ်' ဟု ပါတိုက ပြောသည်။

ရည်ညွှန်း ဒေးလီးမေးလ်

မဇ္ဈိမသတင်း by mizzima

Originally published at - http://mizzimaburmese.com/article/10466


No comments:

Post a Comment