မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, January 28, 2016

တရုတ်ကလပ် ကျန်းစုဆန်းနင်းသို့ ပေါင် ၂၅ ဝန်းကျင်ဖြင့် ရာမီးယက်စ် ပြောင်းရွှေ့




ဇန်နဝါရီ ၂၈၊ လန်ဒန်

ချယ်လ်ဆီး ကွင်းလယ် ကစားသမား ရာမီးယက်စ်သည် ပေါင် ၂၅ သန်း ဝန်းကျင်ဟု ယူဆရသည့် ပြောင်းရွှေ့ကြေးဖြင့် တရုတ်ကလပ် ကျန်းစု ဆန်းနင်း အသင်းသို့ ရောက်ရှိ သွားပြီဖြစ်သည်။

အသက် ၂၈ နှစ် အရွယ်ရှိ ဘရာဇီး ကွင်းလယ် ကစားသမားသည် ပြီးခဲ့သည့်နှစ် အောက်တိုဘာ ကမှ ချယ်လ်ဆီး အသင်းနှင့် လေးနှစ် စာချုပ်သစ် ချုပ်ထားသူ ဖြစ်သော်လည်း ယခုနှစ် ဘောလုံး ရာသီတွင် ပရီးမီးယားလိဂ် ခုနစ်ပွဲသာ ပွဲထွက် ကစားခွင့် ရခဲ့သည်။

ကျန်းစု အသင်းသည် ၂၀၁၅ တရုတ်စူပါလိဂ်တွင် အဆင့် ၉ ရခဲ့ပြီး ချယ်လ်ဆီး နောက်ခံလူဟောင်း ပီထရက်စကူ ကိုင်တွယ်နေသည့် အသင်း ဖြစ်သည်။

ရာမီးယက်စ်သည် ချယ်လ်ဆီး အသင်းနှင့် အတူ ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလား၊ လိဂ်ဖလား၊ ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ် ဖလားများ ရယူ နိုင်ခဲ့သည်။

၂၀၁၀ တွင် ဘင်ဖီကာမှ ပေါင် ၁၇ သန်းဖြင့်ပြောင်းလာပြီးနောက် ချယ်လ်ဆီးအသင်းအတွက် စုစုပေါင်း ၂၅၁ ပွဲကစားခဲ့ကာ ၃၄ ဂိုးသွင်းယူနိုင် ခဲ့သည်။

ရာမီးယက်စ်၏အပြောင်းအရွှေ့မှာ ပရီးမီးယားလိဂ်မှ အာရှလိဂ်တစ်ခုသို့ နာမည်ကြီးကစားသမားတစ်ဦး ပြောင်းရွှေ့ကြေးမြင့်မားစွာဖြင့် အံ့အားသင့်ဖွယ် ပြောင်းရွှေ့မှုတစ်ခုလည်း ဖြစ်ခဲ့သည်။

ကျန်းစုအသင်းသည် အေစီမီလန်တိုက်စစ်မှူး အက်ဒရီယာနိုကိုလည်း ခေါ်ယူနိုင်လုနီးပါးအခြေအနေသို့ရောက်ခဲ့သေးပြီး လစာပြဿနာ ကြောင့် အပြောင်းအရွှေ့ပျက်ခဲ့ခြင်းဖြစ်သည်။

Ref; BBC

မဇ္ဈိမသတင်း by mizzima

Originally published at - http://mizzimaburmese.com/article/10467


No comments:

Post a Comment