မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, January 28, 2016

မြန်မာ အိုးပင်းဂေါက်သီးရိုက် ပြိုင်ပွဲကို ကန်ဒေါ်လာ တစ်သန်းခွဲ အကုန်အကျခံ ကျင်းပမည်



၂၀၁၆မြန်မာအိုးပင်း ပြိုင်ပွဲသတင်းစာ ရှင်းလင်းပွဲ မြင်ကွင်း (ဓာတ်ပုံ - ရွှေဘုတ်)

ဇန်န၀ါရီ ၂၈၊ ရန်ကုန်

ရန်ကုန်မြို့တွင် ကျင်းပ ပြုလုပ်မည့် ၂၀၁၆ မြန်မာ အိုးပင်းဂေါက်သီးရိုက် ပြိုင်ပွဲကို ကစားသမားများ အတွက် ဆုကြေးငွေများ အပါအ၀င် ကွင်းပြင်ဆင်မှု၊ ပြိုင်ပွဲ ပြင်ဆင်မှု အတွက် ကုန်ကျ စရိတ် စုစုပေါင်း အမေရိကန် ဒေါ်လာ တစ်သန်းခွဲခန့် အသုံးပြု ကျင်းပရန် စီစဉ်ထား သည်ဟု ပြိုင်ပွဲ ကျင်းပရေး တာဝန်ခံ ဒေါ်လှလှထွေး က ပွဲကြို သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

မြန်မာအိုးပင်းဂေါက်သီးရိုက်ပြိုင်ပွဲကို ဂျပန်နိုင်ငံအခြေစိုက် Leopalace 21 ကုမ္ပဏီမှ အဓိကပံ့ပိုးကူညီကာ ရန်ကုန်မြို့ ရွိုင်ရယ်မင်္ဂလာဒုံဂေါက်ကွင်းတွင် ဖေဖော်ဝါရီ ၄ ရက်မှ ၇ ရက်အထိ ကျင်းပပြုလုပ်မည် ဖြစ်သည်။

“ ဒီပြိုင်ပွဲအတွက် ဆုကြေးငွေ အမေရိကန်ဒေါ်လာ ခုနှစ်သိန်းခွဲထိ ချီးမြှင့်သွားမှာပါ။ ဒီဆုကြေးက လက်ရှိ မြန်မာနိုင်ငံမှာ လုပ်တဲ့ ပြိုင်ပွဲတွေမှာ အမြင့်ဆုံး ဆုကြေးပေးတာပါပဲ။ ဒီပြိုင်ပွဲအတွက် ကွင်းပြင်တာတို့ ပြိုင်ပွဲအတွက် ပြင်ဆင်တာတို့ အားလုံးကတော့ ဆုကြေးရဲ့ နှစ်ဆလောက် ကုန်ပါတယ်။ ဒေါ်လာတစ်သန်းခွဲလောက်ပါ။ စပွန်ဆာကုမ္ပဏီကလည်း ပံ့ပိုးမှုတွေလုပ်ပေးပါတယ်။

ကွင်းဆို ရွိုင်ရယ်မင်္ဂလာဂေါက်ကွင်းက စပွန်ဆာပေးတာမျိုးပါ။ ဒီပြိုင်ပွဲက အာရှနိုင်ငံတွေအပြင် ဥရောပက ကစားသမားတွေပါ လာကစားမှာဖြစ်လို့ ပရိသတ်တွေကို အခမဲ့ လာရောက်အားပေးဖို့ ဖိတ်ခေါ်ပါတယ် ” ဟု ဒေါ်လှလှထွေးက ၂၀၁၆ မြန်မာအိုးပင်းဂေါက်သီးရိုက်ပြိုင်ပွဲ အကြိုသတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

၂၀၁၆ မြန်မာအိုးပင်းဂေါက်သီးရိုက်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်နိုင်ငံပေါင်း ၂၀ ကျော်မှ နာမည်ကျော် အာရှဂေါက်သီးရိုက် အားကစားသမားများ လာရောက်ယှဉ်ပြိုင်မည့် အပြင် ဥရောပနိုင်ငံအချို့မှ ကစားသမားများ အပါအ၀င် စုစုပေါင်း ၁၅၀ ခန့် လာရောက်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားသည်။

မဇ္ဈိမသတင်း by mizzima

Originally published at - http://mizzimaburmese.com/article/10472


No comments:

Post a Comment