မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, January 28, 2016

ယူဂန်ဒါ ကစားသမား အပြောင်း အရွှေ့ပြဿနာ အသင်းနှင့် မသက်ဆိုင်ဟု ဟော်ရဇွန် ရှင်းလင်း



ဂျိုးဇက်ကို ဟော်ရဇွန် အသင်း စာချုပ် ခေါ်ယူခဲ့စဉ်က (ဓာတ်ပုံ - ရဲရင့်ဋ္ဌေး)

ဇန်န၀ါရီ ၂၈၊ ရန်ကုန်

၂၀၁၆ ဘောလုံး ရာသီတွင် မြန်မာ နေရှင်နယ်လိဂ် ကလပ် ဟော်ရဇွန် အသင်းသို့ ပြောင်းရွေ့လာခဲ့သည့် ယူဂန်ဒါ လက်ရွေးစင်ဟောင်း ဂျိုးဇက်၏ အပြောင်း အရွေ့ပြဿနာမှာ အသင်းနှင့် သက်ဆိုင်ခြင်း မရှိ ဟု ဟော်ရဇွန် အသင်း မန်နေဂျာ ဦးကျော်ကျော်ဦးက ပြောသည်။

၎င်း၏အပြောင်း အရွှေ့အတွက် ယူဂန်ဒါ ဘောလုံး အဖွဲ့ချုပ် အရာရှိသုံးဦးမှ မသမာမှုများ ပြုလုပ်ထားသည် ဟုဆိုကာ ရက် ၉၀ ဘောလုံးလောက နှင့် မပတ်သက်ရန် ပြစ်ဒဏ် ချမှတ် ထားသည်။

ဂျိုးဇက်၏ အပြောင်းအရွေ့ပြဿနာနှင့် ပတ်သက်၍ “ ကျွန်တော်တို့ ဒီကစားသမားကို ခေါ်ကတည်းက ဖီဖာကိုရော သူတို့ အဖွဲ့ချုပ် ကိုရော အွန်လိုင်းကနေ စာတင် ရပါတယ်။

သူတို့ဘက်က ခွင့်ပြုမှ ကျွန်တော်တို့ ဘက်က ခေါ်ခွင့် ရတာပါ။ သူတို့ ခွင့်ပြု လို့လည်း ရှေ့ပွဲ သုံးပွဲလုံး အသင်းမှာ သုံးခဲ့ပြီး ပါပြီ။ အခုက သူတို့ အရင် ကလပ် အသင်းနဲ့ သူတို့ အဖွဲ့ချုပ်က ပြဿနာ ဖြစ်တဲ့ သဘောမျိုးပါ။

ကျွန်တော်တို့ဘက်ကို ဘာမှ အကြောင်းကြား ထားတာ မျိုးလည်း မရှိပါဘူး ” ဟု ဟော်ရဇွန် အသင်း မန်နေဂျာ ဦးကျော်ကျော်ဦးက ပြန်လည် ရှင်းလင်း ခဲ့သည်။

ဟော်ရဇွန် ကလပ်အသင်းသည် ၂၀၁၆ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် သုံးပွဲတွင် ယူဂန်ဒါက စားသမား ဂျိုးဇက်ကို အသုံးပြု ထားခဲ့ပြီး လက်ရှိတွင် ပွဲစဉ် သုံးပွဲ၌ တစ်ပွဲနိုင် နှစ်ပွဲရှုံး ရလဒ်ဖြင့် ရမှတ် သုံးမှတ် ရရှိအောင် စွမ်းဆောင် ထားနိုင်ခဲ့သည်။

မဇ္ဈိမသတင်း by mizzima

Originally published at - http://mizzimaburmese.com/article/10473


No comments:

Post a Comment