မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, January 27, 2016

အသင်းပြောင်းရန် ဆန္ဒရှိနေသည့် ချဲလ်ဆီးနောက်ခံလူ ကာဟေး



ဓာတ်ပုံ - ရိုက်တာ

အင်္ဂလန် ပရီးမီးယား လိဂ်က ချဲလ်ဆီး နောက်တန်း ကစားသမား ကာဟေးက အသင်းမှာ ပုံမှန် ပွဲထွက်ခွင့် မရလို့ အသင်းပြောင်းချင်နေတယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြ ထားပါတယ်။

ဗဟိုနောက်ခံလူ ကာဟေးဟာ ဒီနှစ် ပရီးမီးယားလိဂ်ရာသီမှာ ၁၂ ပွဲပဲ ကစားခွင့်ရထားပါတယ်။

ပုံမှန်ပွဲထွက်ခွင့် မရရင် လာမယ့် ယူရို ၂၀၁၆ ပြိုင်ပွဲမှာ အင်္ဂလန်အသင်းအတွက် ပါဝင်ကစားခွင့် မရမှာကို စိုးရိမ်တဲ့အတွက် အသင်းပြောင်းချင်နေတာ ဖြစ်ပါတယ်။

အသက် ၃၀ အရွယ် နောက်ခံလူဟာ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ ဒုတိယခေါင်းဆောင် တာဝန်ကို ယူထားပါတယ်။

သူဟာ ချဲလ်ဆီးကို ၂၀၁၂ ခုနှစ်မှာ ဘော်လ်တန်အသင်းက ရောက်ရှိလာပြီး ပွဲပေါင်း ၁၇၀ ကစားပေးထားပါတယ်။

ကာဟေးဟာ ချဲလ်ဆီးနည်းပြသစ် ဟစ်ဒင့်လက်ထက်မှာ ပွဲထွက်ကစားခွင့် ၂ ပွဲပဲ ရထားပါတယ်။

သူဟာ အင်္ဂလန် လက်ရွေးစင်အသင်းအတွက် ပွဲပေါင်း ၄၀ ကစားပေးထားပြီး ၃ ဂိုး သွင်းယူထားပါတယ်။

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/132636


No comments:

Post a Comment