မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, January 27, 2016

ဘာစီလိုနာနှင့် ဆဲလ်ဆာဗီဂို စပိန် ဘုရင့်ဖလား ဆီမီးဖိုင်နယ်တက် (ရုပ်သံဟိုက်လိုက်)




ဇန်န၀ါရီ ၂၈ ရက်က ယှဉ်ပြိုင် သွားတဲ့ စပိန် ဘုရင့်ဖလား ကွာတား ဖိုင်နယ် ဒုတိယ အကျော့ ပွဲစဉ်မှာ ဘာစီလိုနာက ဘီလ်ဘာအိုကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။

ဦးဆောင်ဂိုးကို ၁၂ မိနစ်မှာ ဘီလ်ဘာအိုက ၀ီလျံစ် သွင်းယူ ခဲ့ပေမယ့် ဘာစီလိုနာ တိုက်စစ်မှူး ဆွာရက်က ၅၃ မိနစ်မှာ ချေပဂိုး ပြန်လည် သွင်းယူခဲ့ ပါတယ်။

ဘာကာက ဒီပွဲမှာ နေမာ၊ မက်ဆီတို့နဲ့ လူစုံထုတ် ယှဉ်ပြိုင်သွားပြီး တဘက်သတ် ဘောလုံး အသာစီး ယူနိုင်ခဲ့ပါတယ်။

ဒုတိယဂိုးကို ၈၁ မိနစ်မှာ နောက်တန်းလူ ပီကေးက သွင်းယူပြီး တတိယ ဂိုးကို မိနစ် ၉၀ မှာ နေမာက သွင်းယူပါတယ်။

ပထမအကျော့ ကွာတားဖိုင်နယ်မှာ ဘာစီလိုနာက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရထားလို့ ၂ ပွဲပေါင်း ရလဒ် ၅ ဂိုး ၂ ဂိုး ဘာစီလိုနာ စပိန်ဘုရင့်ဖလား ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပါတယ်။

အလားတူ ကွာတား ဒုတိယအကျော့ပွဲစဉ်ဖြစ်တဲ့ ဆဲလ်တာဗီဂိုနဲ့ အက်သလက်တီကို မက်ဒရစ်တို့ ပွဲမှာတော့ ဆဲလ်တာဗီဂိုက ၃ ဂိုး ၂ ဂိုးနဲ့နိုင်ပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပါတယ်။

ပထမအကျော့မှာတော့ ဒီ ၂ သင်းက ဂိုးမရှိ သရေကျထားတာ ဖြစ်ပါတယ်။



by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/132621


No comments:

Post a Comment