မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, January 27, 2016

မန်စီးတီး အိမ်ကွင်းတွင် အဲဗာတန်ကို အနိုင်ယူပြီး ကယ်ပီတယ်ဝမ်း ဗိုလ်လုပွဲတက် (ရုပ်သံဟိုက်လိုက်)




ဇန်န၀ါရီ ၂၈ ရက်က ယှဉ်ပြိုင်သွားတဲ့ ကယ်ပီတယ်ဝမ်းဖလား ဒုတိယအကျော့ ဆီမီးဖိုင်နယ်မှာ မန်ချက်စတာစီးတီးက အဲဗာတန်ကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။

ဒီပွဲရဲ့ ဦးဆောင်ဂိုးကို ၁၈ မိနစ်မှာ အဲဗာတန်က ဘာကလေက စတင် သွင်းယူပြီး မန်စီးတီးအတွက် ချေပဂိုးကိုတော့ ဖာနန်ဒင်ဟိုက ၂၄ မိနစ်မှာ ပြန်လည်သွင်းယူပါတယ်။

ဗိုလ်လုပွဲတက်ရေးအတွက် အဆုံးအဖြတ်ဖြစ်လို့ နှစ်သင်းစလုံး လူစုံထုတ် ယှဉ်ပြိုင်သွားခဲ့ပြီး မန်စီးတီးက ဘောလုံးပိုင်ဆိုင်မှု ပိုရခဲ့ပါတယ်။

ဒုတိယဂိုးကို မိနစ် ၇၀ မှာ တိုက်စစ်မှူး ဒီ ဘရိုင်းက သွင်းယူပြီး နောက်ထပ် ၆ မိနစ်လောက် အရှိမှာပဲ အပိတ်ဂိုးကို တိုက်စစ်မှူး အဂူရိုက သွင်းယူခဲ့ပါတယ်။

ကယ်ပီတယ်ဝမ်းဖလား ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့ကစားရတာဖြစ်ပြီး ပထမအကျော့ကန်ခဲ့စဉ် အဲဗာတန်က အိမ်ကွင်းမှာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူထားခဲ့ပေမယ့် အခုပွဲရှုံးနိမ့်သွားတဲ့အတွက် ၂ ပွဲပေါင်းရလဒ် ၄ ဂိုး ၃ ဂိုးနဲ့ မန်စီးတီး ဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။

ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားအဖြစ် တိုက်စစ်မှူး အဂူရို သတ်မှတ်ခြင်း ခံရပါတယ်။

ဒီပွဲအနိုင်ရတဲ့ မန်စီးတီးအသင်းဟာ ဇန်န၀ါရီ ၂၈ ရက်နေ့မှာ ကယ်ပီတယ်ဝမ်းဖလား ဗိုလ်လုပွဲအဖြစ် လီဗာပူးနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။



by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/132618


No comments:

Post a Comment