Monday, May 2, 2016
မန်စီးတီးကွင်းလယ်လူ ဆေးလ်ဗား ချန်ပီယံလိဂ် ဆီမီး ဒုတိယအကျော့ လွဲချော်
ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယ အကျော့ စပိန် ထိပ်သီး ရီးရဲလ် မက်ဒရစ်နဲ့ ပွဲစဉ် အတွက် အင်္ဂလန် ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာ စီးတီး အလယ်တန်းလူ ဒေးဗစ်ဆေးလ်ဗား တံကောက်ကြော ဒဏ်ရာကြောင့် လွဲချော်မှာ ဖြစ်ပါတယ်။
ပထမအကျော့ ဂိုးမရှိသရေကျတဲ့ပွဲစဉ်မှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ၂ ပတ်ကနေ ၃ ပတ်အထိ အနားယူရမှာ ဖြစ်ပါတယ်။
အသက် ၃၀ နှစ်အရွယ် ဆေးလ်ဗားကတော့ မေ ၂၈ ရက်နေ့ ချန်ပီယံလိဂ် ဖိုင်နယ်ရောက်မှသာလျှင် ကြံ့ခိုင်မှု ပိုကောင်းမယ်လို့ ဆိုပါတယ်။
ပထမအကျော့မှာလည်း ယာယာတိုရေးက ပေါင်ဒဏ်ရာကြောင့် မပါနိုင်ပေမယ့် လက်ရှိမှာတော့ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီး ရီးရဲလ်နဲ့ ပွဲမတိုင်ခင် ပြန်ကောင်းလာနိုင်တယ်လို့ ဆိုပါတယ်။
မေလ ၄ ရက်နေ့မှာတော့ ရီးရဲလ်ကွင်းမှာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ကို ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
ဓာတ်ပုံ - ရိုက်တာ
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/147854
Labels:
ဘောလုံးသမားများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment