
ဝက်စ်ဘရွန်း အသင်းကို ရှုံးတဲ့ ပွဲမှာ အနီကတ်နဲ့ အထုတ် ခံရတဲ့ အပေါ် တာဝန် ယူကြောင်း မန်ယူ ကွင်းလယ် ကစားသမား မာတာက ပြောလိုက် ပါတယ်။
မာတာဟာ မတ်လ ၆ ရက်က ၀က်စ်ဘရွန်းနဲ့ ပွဲစဉ်မှာ ၃ မိနစ် အတွင်း အ၀ါကတ် ၂ ကတ် အပြခံရပြီး အထုတ်ခံ ခဲ့ရတာပါ။
မန်ယူဟာ ပထမပိုင်း ၂၆ မိနစ်က စပြီး တယောက်လျော့နဲ့ ယှဉ်ပြိုင် သွားရ ပါတယ်။
အပြစ်ပေး မခံရအောင် ရှောင်နိုင် ပါတယ်၊ အဲဒီ အတွက် တာဝန်ယူ ပါတယ်လို့ စပိန် ကွင်းလယ် ကစားသမား မာတာက ပြောပါတယ်။
ပွဲပယ်ပြစ်ဒဏ် ကျခံရမှာဖြစ်လို့ မာတာဟာ လာမယ့် မတ်လ ၁၃ ရက်နေ့ ၀က်စ်ဟမ်းနဲ့ ကစားမယ့် အက်ဖ်အေဖလား ကွာတားဖိုင်နယ်မှာ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/138577





No comments:
Post a Comment