မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, April 24, 2016

အဲဗာတန်ကို ၂-၁ ဂိုးဖြင့် အနိုင်ရပြီး မန်ယူ အက်ဖ်အေ ဗိုလ်လုပွဲတက် (ရုပ်သံဟိုက်လိုက်)




ဧပြီ ၂၃ ရက်နေ့ညက အင်္ဂလန်နိုင်ငံ ၀င်ဘလေကွင်းမှာ ယှဉ်ပြိုင်သွားတဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်က အဲဗာတန်ကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။

မန်ယူအတွက် ဒီနေ့ပွဲမှာတော့ မာရှယ်က ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။ မန်ယူအသင်းအတွက် ပထမဂိုးကို ပထမပိုင်း ၃၄ မိနစ်မှာ မာရှယ် ဂိုးရှေ့ ချပေးတဲ့ ဘောလုံးကို ဖလိုင်နီက ဂိုးသမားရဲ့ ညာဘက်ထောင့်ကို သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒီနောက်မှာ တဖက်နဲ့တဖက် အပြန်အလှန် ထိုးဖောက်ကစားခဲ့ပြီး ပထမပိုင်း ပြီးဆုံးသွားပါတယ်။

ဒုတိယပိုင်း ၅၆ မိနစ်မှာတော့ အဲဗာတန်အသင်းက ပင်နယ်တီ ရရှိသွားပါတယ်။ မန်ယူနောက်ခံလူ ဖျက်ထုတ်တာကြမ်းလို့ ဒိုင်က ပင်နယ်တီပေးခဲ့ပါတယ်။ ပင်နယ်တီကို လူကာကူ ကန်သွင်းခဲ့ပေမယ့် မန်ယူ ဂိုးသမား အကောင်းဆုံး ကာကွယ်နိုင်ခဲ့လို့ အဲဗာတန်အတွက် နစ်နာခဲ့ရပါတယ်။

ပွဲချိန် ၇၅ မိနစ်မှာတော့ မန်ယူနောက်တန်းကစားသမား စမောလင်း ကိုယ့်ဂိုးကိုယ် သွင်းမိလို့ ၁-၁ ဂိုးနဲ့ သရေဖြစ်သွားပါတယ်။ ဒီနောက် ပွဲချိန်ပြီးဆုံးခါနီး မန်ယူအသင်းအတွက် အက်ဖ်အေဖလား ဖိုင်နယ်သွားရမယ့် အဖိုးတန်ဂိုးကို မာရှယ်က မိနစ် ၉၀ မှာ သွင်းယူခဲ့တာ ဖြစ်ပါတယ်။

မန်ယူအသင်းဟာ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာတော့ ဒီနေ့ ခရစ္စတယ်ပဲလေ့စ်နဲ့ ၀က်ဖို့ဒ် တို့နှစ်သင်းထဲက အနိုင်ရရှိတဲ့အသင်းနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။



by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/146518

No comments:

Post a Comment