မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, May 19, 2016

အရှက်ရစေသည့် စော်ကားမှုကြောင့် စပိန် ဂေး ဒိုင်လူကြီး နုတ်ထွက်


ဂျီးစပ်တွမ်မီလာရို။ (ဓာတ်ပုံ - ဘီဘီစီ)

နှုတ်နဲ့ လိင်ပိုင်း ဆိုင်ရာ တိမ်းညွတ်မှု အပေါ် စော်ကား ပြောဆို ခံရတဲ့ အတွက် စပိန်နိုင်ငံက ပထမဆုံး ဂေးလို့ ပွင့်ပွင့် လင်းလင်း ၀န်ခံ ထားတဲ့ ဒိုင်လူကြီးက နုတ်ထွက် သွားပါတယ်။

အသက် ၂၁ နှစ် အရွယ် ဂျီးစပ်တွမ် မီလာရိုက သည်းခံနိုင်မှု အားကုန်လို့ နုတ်ထွက် လိုက်တာလို့ မေ ၁၂ ရက် အေပီ သတင်းနဲ့ အင်တာဗျူးမှာ ပြောပါတယ်။

အရင် ၁၈ လက စတင်ပြီး လူမှု ကွန်ရက် မီဒီယာပေါ်မှာ ဂေးလို့ ၀န်ခံ ခဲ့ပြီး စော်ကားမှုတွေ စတင် လာတာ ဖြစ်တယ်လို့ တွမ်မီလာရိုက ပြောပါတယ်။

တွမ်မီလာရို ကြီးကြပ်တဲ့ စပိန်တောင်ပိုင်း အန်ဒူလူစီယမ် ဒေသဆိုင်ရာ ပြိုင်ပွဲမှာ ပရိသတ်နဲ့ နည်းပြအဖွဲ့ဝင်တွေက စော်ကားပြောဆိုမှုတွေ ရှိခဲ့ပေမယ့် ဒေသခံ ဘောလုံးအဖွဲ့က သူ့အပေါ်မှာ ထောက်ခံမှုတွေ မလုပ်ဆောင် ခဲ့ဘူးလို့ ဆိုပါတယ်။

အန်ဒူလူစီယမ် ဘောလုံးအဖွဲ့ချုပ် ပြောခွင့်ရကတော့ တွမ်မီလာရိုကို ထောက်ခံသလို ဒိုင်အဖြစ် ဆက်လက်လုပ်ဆောင်လိုတယ်လို့ ပြောပါတယ်။

တွမ်မီလာရိုဟာ အချိန်ပိုင်း ဒိုင်လူကြီးတဦး ဖြစ်သလို စားပွဲထိုး တဦးလည်းဖြစ်ပြီး အပျော်တမ်း ပြိုင်ပွဲတွေမှာ အသက် ၁၁ နှစ်ကတည်းက ဒိုင်အဖြစ် တာဝန် ထမ်းဆောင် ခဲ့တာ ဖြစ်ပါတယ်။

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/150487

No comments:

Post a Comment