မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, June 19, 2016

ဟော့ဆန်၏အနာဂတ် အင်္ဂလန်အသင်း ရလဒ်ပေါ် မူတည်




လန်ဒန်− အင်္ဂလန် အသင်း အခြေ အနေ ကောင်းပြီး ယူရို ၂၀၁၆ ပြိုင်ပွဲတွင် ကောင်းစွာ ကစားနိုင် ခဲ့ပါ က နည်းပြ ရွိုင်းဟော့ဆန်နှင့် စာ ချုပ်ကို သက်တမ်း တိုးသွားမည် ဟု အင်္ဂလန် ဘောလုံး အဖွဲ့ချုပ် အကြီး အကဲ ဂရက်ဒိုက်ခ်က ပြော ကြားသည်။

အုပ်စု (B) တွင် တစ်သင်းမှ အမှတ်ဖြတ် မထားနိုင် သေးသောကြောင့် အားလုံး အတွက် မျှော်လင့်ချက် ကိုယ်စီ ရှိနေသည်။ အင်္ဂလန်သည် ဆလိုဗက်ကီးယားနှင့် သရေကျလျှင် (၁၆) သင်း ရှုံးထွက် အဆင့်သို့ တက်လှမ်းခွင့် သေချာမည် ဖြစ်သည်။

ယူရို ၂၀၁၆ ပြိုင်ပွဲအပြီးတွင် စာချုပ် သက်တမ်းကုန်ဆုံးမည့် အင်္ဂလန် နည်းပြ ရွိုင်းဟော့ဆန်၏ အနာ ဂတ်မှာ အင်္ဂလန်အသင်း၏ နောက်တစ်ဆင့် တက်လှမ်းနိုင်မှု အပေါ်တွင် မူတည်နေသည်ဟု အက်ဖ်အေအကြီးအကဲ ဂရက် နိုက်စ်က ပြောကြားသည်။

‘‘ဆီမီးဖိုင်နယ် ရောက်ရင် အဲဒါအောင် မြင်တာပါပဲ။ အ သင်းကောင်းတစ်သင်းနဲ့ တွေ့လို့ ကျွန်တော်တို့ ကောင်းကောင်း ကစားနိုင်ပြီး ကံမကောင်းလို့ ရှုံး ခဲ့ရင် ဒါမှမဟုတ် ပင်နယ်တီနဲ့ ရှုံး ခဲ့ရင်၊ ဟော့ဆန်ရဲ့အနာဂတ်ကို ဆက်ဆွေးနွေးသွားဖို့ရှိပါတယ်’’ ဟု ၎င်းကပြောသည်။

သို့သော်ယူရို ၂၀၁၆ ပြိုင်ပွဲမပြီးမီဟော့ဆန်၏ အနာဂတ်ကို အက်ဖ်အေက ဆုံးဖြတ်မည်မဟုတ်ပေ။ ဟော့ဆန်က အင်္ဂလန် အသင်းကို ၂၀၁၈ ကမ္ဘာ့ဖလားအထိ ဆက်လက်တာဝန်ယူရန် ဆန္ဒရှိနေကြောင်း ပြောကြားသည်။ ဟော့ဆန်၏ နေရာကို အစားထိုးမည်ဆိုပါက နိုင်ငံခြားနည်းပြဖြစ်လိမ့်မည်ဟုလည်း ဂရက်ဒိုက်စ်က ဆိုသည်။

ထိုအတောအတွင်း ဝေးလ်စ် တိုက်စစ်မှူး ဂါရတ်ဘေးလ်က နောက်တစ်ဆင့်တက်ခွင့်မှာ မိမိ တို့အတွက် အရာခပ်သိမ်းပြည့်စုံ သကဲ့သို့ ဖြစ်လိမ့်မည်ဟု ပြော ကြားသည်။

ဝေးလ်စ်အသင်းသည် တနင်္လာနေ့တွင် ရုရှားကို ဖြတ်ကျော် နိုင်ပါက (၁၆) သင်းအဆင့် တက်ခွင့်သေချာမည်ဖြစ်ပြီး သရေကျ လျှင်ပင် လုံလောက်နိုင်သည်။

‘‘ကျွန်တော်တို့ရဲ့ ကံကြမ္မာ က ကျွန်တော်တို့လက်ထဲမှာ ရှိပါ တယ်။ အင်္ဂလန်ကို ရှုံးခဲ့ပေမယ့် နောက်တစ်ဆင့် တက်ခွင့်ရဖို့ စိတ်ဓာတ်တက်ကြွနေကြဆဲပါပဲ’’ဟု ဝေးလ်စ်တိုက်စစ်မှူး ဂါရတ် ဘေးလ်က ပြောသည်။

Photo - Daily Mail

—Ref:BBC

Originally published at - http://www.7daydaily.com/story/68072

No comments:

Post a Comment