
ဇွန် ၁၉ ရက်မှာ ကစား သွားတဲ့ ယူရို ၂၀၁၆ အုပ်စုအေ နောက်ဆုံး ပွဲစဉ်မှာ အယ်လ်ဘေး နီးယားက ရိုမေး နီးယားကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ပထမဆုံး သုံးမှတ် ရရှိခဲ့ ပါတယ်။
တိုက်စစ်မှူး ဆာဒီကူက ပထမပိုင်း မပြီးခင်လေးမှာ ခေါင်းတိုက်သွင်းခဲ့ပြီး သူ့အတွက်လည်း နိုင်ငံအတွက် ပထမဆုံး သွင်းဂိုးအဖြစ် မှတ်တမ်းဝင်သွားပါတယ်။
ဒုတိယပိုင်းမှာ ရိုမေးနီးယားဘက်က ပြန်ပြီး ထိုးစစ်ဆင်ခဲ့ပေမယ့် အယ်လ်ဘေးနီးယား နောက်တန်းက ကြံ့ကြံ့ခံနိုင်ခဲ့လို့ ချေပဂိုး မသွင်းနိုင် ဖြစ်ခဲ့ရတာပါ။
အုပ်စု အေ ပွဲစဉ်တွေ အပြီးမှာတော့ ပြင်သစ်က အုပ်စုပထမ၊ ဆွစ်ဇာလန်က အုပ်စု ဒုတိယ၊ အယ်ဘေးနီးယားက တတိယနဲ့ ရိုမေးနီးယားက စတုတ္ထနေရာ အသီးသီးမှာ ရပ်တည်နိုင်ခဲ့ပြီး ပြင်သစ်နဲ့ ဆွစ်ဇာလန်တို့က နောက်တဆင့် တက်သွားပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/155565

No comments:
Post a Comment