
မြန်မာ နိုင်ငံမှာ ကျင်းပမယ့် အာဆီယံ ချန်ပီယံရှစ် အမျိုးသမီး ဘောလုံး ပွဲစဉ်တွေ ထဲက မြန်မာ အမျိုးသမီး အသင်းရဲ့ ပွဲစဉ်တွေကို မြန်မာ့ အသံက တိုက်ရိုက် ပြသ သွားမယ်လို့ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ပြိုင်ပွဲ ကျင်းပရေး တာဝန်ခံ ဦးစိုးမိုးကျော်က ပြောပါတယ်။
အာဆီယံ အမျိုးသမီးချန်ပီယံပြိုင်ပွဲကို ဇူလိုင် ၂၆ ရက်ကနေ သြဂုတ် ၄ ရက်အထိ မန္တလေးမှာရှိတဲ့ မန္တလာသီရိကွင်းမှာ လက်ခံကျင်းပသွားမှာ ဖြစ်ပါတယ်။
မြန်မာအမျိုးသမီးအသင်းဟာ အဖွင့်ပွဲစဉ်အဖြစ် ဇူလိုင် ၂၇ ရက်မှာ အရှေ့တီမောအသင်းနဲ့ စတင်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဇူလိုင် ၂၉ မှာ မလေးရှား၊ ဇူလိုင် ၃၁ ရက်မှာ သြစတြေးလျယူ ၂၀ အသင်းတို့နဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
တဘက်အုပ်စုမှာတော့ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နဲ့ စင်ကာပူအသင်းတို့ တွေ့ဆုံနေတာပါ။
မြန်မာအသင်းရဲ့ ပွဲစဉ်တွေကို မြန်မာ့အသံက တိုက်ရိုက်ပြသမှာဖြစ်တဲ့အပြင် MRTV4 ရဲ့ အခပေးရုပ်သံလိုင်းဖြစ်တဲ့ For Sports ချန်နယ်ကလည်း တိုက်ရိုက်ပြသသွားမယ်လို့ သိရပါတယ်။
ဓာတ်ပုံ - အမ်အက်ဖ်အက်ဖ်
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/160753

No comments:
Post a Comment