
ယူရိုပါလိဂ် ပြိုင်ပွဲမှာ ပရိသတ် တွေရဲ့ နှောင့်ယှက်မှု တွေကြောင့် ဥရောပ ဘောလုံး အဖွဲ့ချုပ် (ယူအီးအက်ဖ်အေ) က လီဗာပူး အသင်းကို ပေါင် ၁၃၀၀၀ ဒဏ်ရိုက် လိုက်ပါတယ်။
မေလက စပိန် လာလီဂါ ကလပ် ဆီဗီးလား အသင်းနဲ့ ကစား ခဲ့တဲ့ ယူရိုပါလိဂ် နောက်ဆုံး ဗိုလ်လုပွဲမှာ ပရိသတ်တွေရဲ့ မီးရှူးမီးပန်း ပစ်ဖောက်မှု၊ တရား မ၀င် ခေါင်းစီး စာတန်းတွေ အသုံးပြုမှု၊ ဆီဗီးလား ပရိသတ်တွေနဲ့ ထိပ်တိုက် တွေ့မှု တွေကြောင့် အခုလို ဒဏ်ရိုက် ခဲ့တာ ဖြစ်ပါတယ်။
အလားတူ ဆီဗီးလား အသင်းက အရာဝတ္ထု တွေနဲ့ ပစ်ပေါက်မှု၊ လူအုပ်နဲ့ နှောင့်ယှက် မှုတွေကြောင့် ဆီဗီးလား အသင်းလည်း ပေါင် ၁၄၂၄၂ ဒဏ်ရိုက်ခံ ရပါတယ်။
ဒီပွဲမှာ ဆီဗီးလား အသင်းဟာ ၃ ဂိုး ၁ ဂိုးနဲ့ အနိုင် ရရှိခဲ့ပြီး ယူရိုပါလိဂ်ဖလား ရရှိ သွားပါတယ်။
ဓာတ်ပုံ - Getty Images
ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/160787

No comments:
Post a Comment