
ရောမ - အင်တာမီလန် အနေဖြင့် အသင်းကို တည်ဆောက်ရန် ရည်ရွယ် ထားပြီး အာဂျင်တီးနား တိုက်စစ်မှူး အီကာဒီကို မည်မျှပင်ပေး ပေး ရောင်းချမည် မဟုတ်ကြောင်း အင်တာမီလန် အားကစား ညွှန် ကြားရေးမှူး ပီယာရိုအူ ဆီလီယိုက ပြောသည်။
၂၀၁၆-၁၇ ဘောလုံး ရာသီ မတိုင်မီ အီကာဒီသည် အင်တာမှ ထွက်တော့ မည်ဟု သတင်း ထွက်ပေါ် aနပြီး ၎င်းကို ခေါ်ယူ လိုသော အသင်းများတွင် နာပိုလီက အဓိက aခ်ါယူရန် ကြိုးစား aနသည်။
တိုက်စစ်မှူး ဟီဂူအင်ဂျူဗင်တပ်အသင်းသို့ ပြောင်းရွှေ့သွား သောကြောင့် နာပိုလီက အီကာဒီ ကို ခေါ်ယူရန် ကြိုးစားနေသော် လည်း အင်တာမီလန်အသင်းက လုံးဝရောင်းချမည်မဟုတ်ဟု ဆို သည်။
‘‘အီကာဒီဟာ အင်တာမှာပဲ ဆက်နေမှာပါ။ ကျွန်တော်တို့အနေအထားက အရမ်းရှင်းပါတယ်။ နာပိုလီအသင်းက ဘယ်လောက်ပေးပေး အီကာဒီကို မရောင်းပါဘူး’’ ဟု ပီယာရိုအူဆီလီယိုက ပြောသည်။
အီကာဒီသည် အလွန်ငယ်ရွယ်၍ ကြီးမားသော အလားအ လာရှိကာ ဘောလုံးကစားရန်သာ အာရုံစိုက်ထားရမည်ဖြစ်ပြီးအခြားအကြောင်းများကို ခေါင်းထဲထည့်၍မရဟု အင်တာအသင်း ဒုဥက္ကဋ္ဌ ဂျဗီယာဇာနီတီက ပြော သည်။
မိမိတို့သည် အီကာဒီကို ပြီးခဲ့သည့်နှစ်က စာချုပ်သက်တမ်း တိုးခဲ့ပြီး အသင်းခေါင်းဆောင်ရာ ထူးပေးထားခြင်းမှာ ၎င်းအပေါ် အလေးထားကြောင်း ဖော်ပြမှုဖြစ်သည်ဟု ဇာနီတီက ပြောသည်။
—Ref: Goal
Originally published at - http://www.7daydaily.com/story/71213





No comments:
Post a Comment