![]() |
Myanmar-U-19-2015 |
၂၀၁၆ အာဆီယံ ယူ - ၁၉ ချန်ပီယံရှစ် ပြိုင်ပွဲအကြို ပြင်ဆင်နေသည့် မြန်မာ့ လက်ရွေး စင် ယူ - ၁၉ ဘောလုံး အသင်း သည် ပြိုင်ပွဲ မတိုင်မှီ ပြည်တွင်း ခြေစမ်းပွဲများ ယှဉ်ပြိုင်ခြင်းအဖြစ် ဧရာဝတီ၊ မနောမြေ အသင်းတို့နှင့် ခြေစမ်း ကစားမည် ဖြစ်သည်။
မြန်မာ ယူ-၁၉ အသင်းနှင့် မြန်မာလိဂ်-၁ ကလပ် ဧရာဝတီ အသင်းတို့၏ ခြေစမ်းပွဲကို ဇူလိုင် ၂၈ ရက် နံနက်တွင် သုဝဏ္ဏကွင်း ၌လည်းကောင်း၊ မြန်မာလိဂ်-၂ ကလပ် မနောမြေအသင်းနှင့် ခြေ စမ်းပွဲကို ဇူလိုင် ၃၀ ရက်တွင် လည်းကောင်း ယှဉ်ပြိုင်ကစား မည်ဖြစ်ကြောင်း အသင်းတာဝန် ရှိသူတစ်ဦးက ပြောသည်။
‘‘မနောမြေနဲ့ ခြေစမ်းပွဲက မနက်ပိုင်းပဲ ကစားမယ်။ ဒါပေမဲ့ ကစားမယ့်ကွင်း အတည်မပြုနိုင် သေးဘူး’’ဟု မြန်မာ ယူ-၁၉ အသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။ ထို့အပြင် မြန်မာနိုင်ငံဘော လုံးအဖွဲ့ချုပ်သည် အာဆီယံ ယူ- ၁၉ ချန်ပီယံရှစ်မတိုင်မီ ဩဂုတ် လအတွင်း ရန်ကုန်မြို့၌ လေးနိုင်ငံ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲတစ်ရပ် ကျင်းပပေးရန် စီစဉ်နေပြီး ပြိုင် ဘက်အသင်းများအား ဖိတ်ကြား ထားကြောင်း သိရသည်။
(၁၃)ကြိမ်မြောက် အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲကို စက် တင်ဘာ ၁၁ ရက်မှ ၂၄ ရက်အထိ ဗီယက်နမ်နိုင်ငံတွင် ကျင်းပမည်ဖြစ်ပြီး အုပ်စု (က) ၌ အိမ်ရှင် ဗီယက်နမ်၊ စင်ကာပူ၊ မလေးရှား၊ တီမော၊ ဖိလစ်ပိုင် အသင်းတို့ ပါဝင်နေသည်။
မြန်မာအသင်းသည် အုပ်စု (ခ)တွင် ထိုင်း၊ လာအို၊ ဩစတြေး လျ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား အသင်းတို့နှင့် ကျရောက်နေ သည်။ မြန်မာ ယူ-၁၉ အသင်းကို ကစားသမား ၂၅ ဦးဖြင့် ဖွဲ့စည်း ထားပြီး နည်းပြချုပ် ဦးမျိုးလှိုင် ဝင်း၊ လက်ထောက်နည်းပြ ဦးစိုးမိုးတို့က လေ့ကျင့်ပေးလျက်ရှိ သည်။
မြန်မာ ယူ-၁၉ အသင်း သည် အာဆီယံပြိုင်ပွဲအကြိုပြင် ဆင်မှုအဖြစ် ရတနာပုံ၊ ဇွဲကပင်၊ မကွေး၊ ယူ-၁၆ လက်ရွေးစင်၊ တက္ကသိုလ်လက်ရွေးစင် အသင်း များနှင့် ခြေစမ်းပွဲများ ကစားထား ရာ တစ်ပွဲနိုင်၊ နှစ်ပွဲသရေ၊ နှစ်ပွဲ ရှုံးရလဒ်ထွက်ပေါ်ထားသည်။
7daydaily - By : ဘိုဘိုမင်း
Originally published at - http://www.7daydaily.com/story/71217
No comments:
Post a Comment