
နိုင်ငံတကာ ချန်ပီယံ ဖလား ပြိုင်ပွဲ အဖြစ် စီးရီးအေ ချန်ပီယံ ဂျူဗင်တပ်နဲ့ ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ် ဟော့စပါးတို့ ဇူလိုင် ၂၆ ရက်က သြစတြေးလျ နိုင်ငံ မဲလ်ဘုန်းမြို့မှာ ယှဉ်ပြိုင်ရာ ဂျူဗင်တပ်က ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။
စပါး အသင်းဟာ ဒီပွဲမှာ လူငယ် ကစားသမား အများ အပြား ပွဲထုတ် ယှဉ်ပြိုင်သွားတဲ့ အတွက် ဂျူဗင်တပ်ကို မယှဉ်နိုင်ဘဲ ဖြစ်ခဲ့ ရပါတယ်။
ဂျူဗင်တပ် အတွက် အနိုင်ဂိုး ၂ ဂိုးစလုံးကို ပထမပိုင်း ၁၅ မိနစ် အတွင်း သွင်းယူ သွားတာ ဖြစ်ပြီး ၆ မိနစ်မှာ ဒိုင်ဘာလာနဲ့ ၁၅ မိနစ်မှာ ဘီနာတီယာ တို့က သွင်းယူပေး ခဲ့တာပါ။
တော့တင်ဟမ် ဟော့စပါး အတွက် တလုံး တည်းသော ချေပဂိုးကိုတော့ ၆၇ မိနစ်မှာ လာမယ်လာက သွင်းယူပေး ခဲ့ပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/160921

No comments:
Post a Comment