မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, July 27, 2016

အာဆီယံ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် ထိုင်းနှင့် ဗီယက်နမ် ဂိုးပြတ် အနိုင်ရ




မန္တလေး မြို့မှာ ကျင်းပ နေတဲ့ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ပြိုင်ပွဲ အဖွင့် ပွဲစဉ် တွေမှာ ထိုင်းနဲ့ ဗီယက်နမ် အသင်းတို့ ပြိုင်ဘက်တွေကို ဂိုးပြတ် အနိုင်ယူ ခဲ့ပါတယ်။

ဇူလိုင် ၂၆ ရက်က စတင် ကျင်းပတဲ့ အဖွင့် ပွဲစဉ်မှာ ထိုင်းအသင်းက ဖိလစ်ပိုင်ကို ၄ ဂိုး ဂိုးမရှိနဲ့ နိုင်ပွဲ ရခဲ့တာ ဖြစ်ပြီး ဗီယက်နမ် အသင်းကလည်း စင်ကာပူ အသင်းကို ၁၄ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ယူ ခဲ့တာပါ။

ထိုင်းအသင်း နည်းပြ ပရိုင်ရာကတော့ ဖိလစ်ပိုင် အသင်းနဲ့ပွဲက ခြေစွမ်းကို ကျေနပ်ပေမယ့် ခက်ခက် ခဲခဲ ကစားခဲ့ ရတာဖြစ်ပြီး အုပ်စု တက်ဖို့ အတွက် တပွဲချင်း စီကိုပဲ အာရုံစိုက် ပြင်ဆင် သွားမယ်လို့ ပွဲအပြီးမှာ ပြောပါတယ်။

ဗီယက်နမ် နည်းပြ မိုင်ဒမ်ချန်ကလည်း ဂိုးပြတ်နိုင်ပွဲ ရရှိခဲ့ တာဟာ ကစားသမား တွေရဲ့ ကြိုးစား မှုကြောင့် ဖြစ်ပြီး တပွဲလုံး ထိန်းချုပ် ကစားနိုင်ခဲ့တဲ့ အသင်းရဲ့ ခြေစွမ်း ကိုလည်း အားရကျေနပ် တယ်လို့ ပွဲအပြီးမှာ ပြောပါတယ်။

အာဆီယံ အမျိုးသမီးပြိုင်ပွဲ အုပ်စု က ရဲ့ ဒုတိယပွဲစဉ်တွေ အဖြစ် လာမယ့် ဇူလိုင် ၂၈ ရက်မှာ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်၊ ထိုင်းနဲ့ စင်ကာပူတို့ ယှဉ်ပြိုင် ကစားကြမှာပါ။

အုပ်စု ခ အဖွင့် ပွဲစဉ်တွေ ကိုတော့ ဇူလိုင် ၂၇ ရက်မှာ ကစားမှာ ဖြစ်ပြီး သြစတြေးလျယူ ၂၀ နဲ့ မလေးရှား၊ မြန်မာနဲ့ အရှေ့ တီမော အသင်းတို့ ယှဉ်ပြိုင် ကစား ရမှာ ဖြစ်ပါတယ်။

သတင်း – လွှမ်းမိုးအောင်၊ ဓာတ်ပုံ – အမ်အက်ဖ်အက်ဖ်

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/160930

No comments:

Post a Comment