မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, July 27, 2016

ဟီဂူအင်ကို ပေါင် ၇၅ သန်းကျော်ဖြင့် ဂျူဗင်တပ် ခေါ်




အီတလီ စီးရီးအေ ကလပ် ဂျူဗင်တပ် အသင်းဟာ နာပိုလီ အသင်း ရှေ့တန်း တိုက်စစ်မှူး ဂွန်ဇာလို ဟီဂူအင်ကို ပေါင် ၇၅ ဒသမ ၃ သန်းနဲ့ ခေါ်ယူ လိုက်ပါတယ်။

အာဂျင်တီးနား လက်ရွေးစင် ဟီဂူအင်ကို ဂျူဗင်တပ် အသင်းက ၅ နှစ် စာချုပ်နဲ့ ခေါ်ယူ လိုက်တာ jဖစ်ပြီး ရီးရဲလ် မက်ဒရစ်က ရော်နယ်လ်ဒိုကို ပေါင် သန်း ၈၀၊ ဂရတ်ဘေးလ်ကို ပေါင် ၈၅ သန်းနဲ့ ၀ယ်ယူ ခဲ့ပြီးတဲ့နောက် သမိုင်း တလျှောက်မှာ တတိယဈေး အကြီးဆုံးပေးပြီး ၀ယ်ယူရတဲ့ ကစားသမား တဦး ဖြစ်လာ ပါတယ်။

အသက် ၂၈ နှစ် အရွယ် ဟီဂူအင်က အစောပိုင်းမှာ အင်္ဂလန် ပရီးမီးယားလိဂ်က အာဆင်နယ်နဲ့ ချိတ်ဆက် ခဲ့ပါသေးတယ်။

၂၀၁၃ ခုနှစ်မှာ ဟီဂူအင်ဟာ စပိန် လာလီဂါ ရီးရဲလ်မက်ဒရစ်ကနေ နာပိုလီကို ပေါင် ၃၄ ဒသမ ၅ သန်းနဲ့ ရောက်ရှိလာတာ ဖြစ်ပါတယ်။

သူဟာ အရင်ရာသီက ဂျူဗင်တပ်အတွက် ၃၆ ဂိုး သွင်းယူပေးခဲ့ပြီး စီးရီးအေ ရွှေဖိနပ်ဆုကို ရယူထားတာ ဖြစ်ပါတယ်။

ဓာတ်ပုံ - ရိုက်တာ

ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/160953

No comments:

Post a Comment