မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, July 27, 2016

မြန်မာအမျိုးသမီး ဘောလုံးအသင်း ခြေစွမ်းပိုင်း တိုးတက်လာ




မြန်မာ အမျိုးသမီး အသင်းဟာ ခြေစွမ်းပိုင်း တိုးတက်လာတဲ့အပြင် ကြိုးစားမှုလည်း ကောင်းတယ်လို့ မြန်မာနည်းပြ ရော်ဂျာရိုင်နာက ချီးကျူးပြောဆိုလိုက်တာပါ။

မြန်မာ့ လက်ရွေးစင် အမျိုးသမီး အသင်းဟာ အာဆီယံ ချန်ပီယံရှစ် ပြိုင်ပွဲ အတွက် လေ့ကျင့် မှုတွေ ပြုလုပ် နေတာဖြစ်ပြီး ဇူလိုင် ၂၇ ရက်မှာ အရှေ့တီမော အသင်းနဲ့ စတင် ယှဉ်ပြိုင် ရမှာ ဖြစ်ပါတယ်။

“မြန်မာ အသင်းရဲ့ ခြေစွမ်းကို ကျေနပ် ပါတယ်။ အရင် ကထက် ပိုပြီး တိုးတက် လာပါတယ်။ ထူးချွန်တဲ့ လူငယ် ကစားသမားတွေ ရှိလို့ အားရမှု ရှိပါတယ်။ မြန်မာ ကစား သမားတွေ အနေနဲ့ အချိန်တိုင်း ကြိုးစားမှု အရမ်း ပြင်းထန်လို့ ဒီအချက်ဟာ ဂုဏ်ယူစရာ ကောင်းတဲ့ အချက် တခုပါ။

ပြိုင်ပွဲမှာလည်း အကောင်းဆုံးခြေစွမ်း ပြသနိုင် မယ်လို့ ယုံကြည် ပါတယ်။ အဖွင့်ပွဲမှာ တွေ့ရမယ့် အရှေ့တီမော အသင်းရဲ့ အကြောင်းကို သိပ်မသိ သေးပေမယ့် အင်တာနက် ကနေ လေ့လာ ထားပါတယ်။

ဒီပွဲက ကျနော်တို့ အသင်း အတွက် အရေးကြီးတဲ့ ပွဲဖြစ်လို့ အကောင်းဆုံး ခြေစွမ်းပြ ကစားပြီး နိုင်ပွဲ ရယူဖို့ ကြိုးစား မှာပါ” လို့ မြန်မာ အမျိုးသမီး အသင်း နည်းပြချုပ် ရော်ဂျာရိုင်နာက ပြောပါတယ်။

မြန်မာအမျိုးသမီး အသင်းမှာ လူငယ်ကစား သမားတွေ ပါဝင်နေ ပေမယ့် နည်းပြက သေချာ လေ့ကျင့်ပေး ထားတဲ့ အတွက် ပြိုင်ပွဲမှာ အကောင်းဆုံး ပုံစံ ရလိမ့်မယ် လို့လည်း မြန်မာ အသင်းရဲ့ နည်းစနစ် ဒါရိုက်တာ ဦးအေးမောင်ကြီးက ဆိုပါတယ်။

“ကိုယ်တို့နဲ့ မတူတဲ့ နည်းပြ ဆရာရဲ့ လုပ်ပုံ ကိုင်နည်းလေးကတော့ လူတိုင်း လူတိုင်းက ဥပမာ ဒီ Position က လူတိုင်း လူတိုင်း ၀င်ကစားရင် ဖြစ်နိုင်တယ် ဆိုတဲ့ အနေ အထားဖြစ်အောင်ကို သူက လေ့ကျင့်ပေး ထားတယ်။ အဲ့တော့ Experience ဆိုတဲ့ တပိုင်း ပါသလို ဖြစ်နိုင်အောင်လို့ ဒီကစား သမားတွေကို လေ့ကျင့်ပေး ထားတယ်။

ယုံကြည်မှုလည်းရှိအောင် လေ့ကျင့်ပေးထားတယ်ဆိုတော့ ကစားနည်းလေးတောင်မှ ပြောင်းလာတာရှိတယ်။ ပြောင်းလာတာ လူတိုင်းလူတိုင်းက Midfield ဆို Midfield၊ ဒီနေရာမှာ လူမရှိဘူး ဆိုရင် နောက်တယောက် ထည့်တယ်။ ကိုယ်တို့ မျိုးစုံ စမ်းတယ်။

နောက်တယောက် ထည့်ပေးတော့လည်း ဒီပုံစံလေးက မပြောင်းဘူး။ အဲဒါမျိုးကို သူရိုက် ပြီးတော့ သွင်းထား တာလေးက၊ အတွေ့အကြုံ ရှိရင်တော့ ပိုပြီးတော့
တော့ ကောင်းတယ်။ သို့သော် အတွေ့ အကြုံနည်းတဲ့ သူနဲ့ ၀င်ကစားလည်း ဒီအသင်းက ပုံပျက် သွားမလားဆို မပျက်နိုင်ဘူး။”

မြန်မာအမျိုးသမီးအသင်းခေါင်းဆောင် ခင်မာလာထွန်းကလည်း အိမ်ရှင်ပရိသတ်တွေရှေ့မှာ ချန်ပီယံဆုရတဲ့အထိ မျှော်မှန်းထားတယ်လို့ ပြောပါတယ်။

“ပြောရရင်တော့ ကိုယ့်နိုင်ငံ၊ ကိုယ့်ပရိသတ်၊ ကိုယ့်အိမ်ကွင်းမှာ ကစားရမယ်။ ပြီးတော့ ကျနော့်ရဲ့ မွေးရပ်မြေ မန္တလေးမှာလည်း ကစားရမှာဖြစ်တဲ့ အတွက် ကျနော့် အနေနဲ့ ကတော့ ဒီချန်ပီယံ ဆုကို ပေါ့နော်

မန္တလေးပရိသတ်တွေကော တတိုင်းပြည် လုံးမှာ ရှိတဲ့ ပရိသတ်တွေကော ပျော်ရွှင်မှု ရအောင် ကျနော်တို့ ကလည်း ချန်ပီယံဆုကို အကောင်းဆုံး ကြိုးစားပြီးတော့ ရယူပေး မယ်ပေါ့။ ကျနော် အမြင့်ဆုံး မျှော်မှန်း ထားပါတယ်။”

မြန်မာအမျိုးသမီး အသင်းဟာ အာဆီယံ ဖလားပြိုင်ပွဲ ၈ ကြိမ်မှာ ဗိုလ်လုပွဲ ၅ ကြိမ် အထိ တက်ရောက်နိုင် ခဲ့ပြီး ၂၀၀၄ နဲ့ ၂၀၀၇ ပြိုင်ပွဲတွေမှာ ချန်ပီယံနှစ်ကြိမ် ရရှိ ထားပါတယ်။

သတင်း – လွှမ်းမိုးအောင်

ဓာတ်ပုံ - အမ်အက်ဖ်အက်ဖ်

ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/160971

No comments:

Post a Comment