မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, July 28, 2016

အာဆီယံ ချန်ပီယံရှစ် ပြိုင်ပွဲတွင် မြန်မာ အမျိုးသမီး အသင်း တီမောကို ၁၇ ဂိုးပြတ်ဖြင့် နိုင်




အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ဘောလုံး ပြိုင်ပွဲ အဖြစ် မြန်မာ အမျိုးသမီး အသင်းနဲ့ အရှေ့ တီမော အသင်းတို့ ဇူလိုင် ၂၇ ရက် ညနေက ယှဉ်ပြိုင်ရာ မြန်မာ အမျိုးသမီး အသင်းက ၁၇ ဂိုး ဂိုးမရှိနဲ့ အနိုင် ရရှိ သွားပါတယ်။

အုပ်စု အဖွင့်ပွဲမှာ ၁၇ ဂိုးပြတ် အနိုင် ရခဲ့လို့ အုပ်စု ကနေ တက်ဖို့ အခွင့်အရေး များနေ ပေမယ့် တပွဲချင်း စီကိုပဲ အာရုံစိုက် ကစား မယ်လို့ မြန်မာအသင်း နည်းပြက
ပြောပါတယ်။

မြန်မာ ကစား သမားတွေ ကတော့ အသင်းရဲ့ ခြေစွမ်းကို အားရ ကျေနပ် နပြီး ချန်ပီယံဆု ရဖို့အထိ ရည်မှန်း ထားတယ်လို့ ပြောပါတယ်။

အရှေ့တီမော အသင်း နည်းပြ ကတော့ မြန်မာ အမျိုးသမီး အသင်းဟာ ကာလရှည် လေ့ကျင့် ထားတဲ့ အသင်းဖြစ်လို့ အကောင်းဆုံး ခြေစွမ်း ပိုင်ဆိုင် ထားတာဖြစ်ပြီး သူ့အသင်း အနေနဲ့ ပြိုင်ပွဲ အတွေ့ အကြုံ အားနည်းလို့ ၁၇ ဂိုးပြတ်နဲ့ ရှုံးခဲ့ ရတာ ဖြစ်တယ်လို့ ပြောပါတယ်။

မြန်မာ အမျိုးသမီး အသင်းဟာ စံချိန်တင် ဂိုးအပြတ်ဆုံး နိုင်ပွဲ အဖြစ် ၂၀၀၄ ခုနှစ် ကလည်း မော်ဒိုက်စ် အသင်းကို ၁၇ ဂိုးပြတ်နဲ့ပဲ အနိုင် ရခဲ့ဖူး ပါတယ်။

ဇူလိုင် ၂၇ ရက်ကပဲ ယှဉ်ပြိုင် သွားတဲ့ အုပ်စုတွင်း အခြား ပွဲစဉ်မှာတော့ သြစတြေးလျ ယူ ၂၀ အသင်းက မလေးရှုား အသင်းကို ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ သွားပါတယ်။

အုပ်စု ဒုတိယပွဲစဉ် အဖြစ် ဇူလိုင် ၂၉ ရက်မှာ မြန်မာနဲ့ မလေးရှား အသင်း၊ သြစတြေးလျ ယူ ၂၀ အသင်းနဲ့ အရှေ့ တီမော အသင်းတို့ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ – လွှမ်းမိုးအောင်

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/161080

No comments:

Post a Comment