
ဘာစီလိုနာ အသင်းဟာ ဗလင်စီယာ ကွင်းလယ် ကစားသမား အန်ဒေ ဂိုမက်စ်ကို ပြောင်းရွှေ့ကြေး ပေါင် ၂၉ သန်းကျော်ပေးပြီး ခေါ်ယူ လိုက်ပါတယ်။
အသက် ၂၂ နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် ဂိုမက်စ်ဟာ ပြီးခဲ့တဲ့ ယူရို ပြိုင်ပွဲမှာ ပေါ်တူဂီ အသင်းကို ချန်ပီယံ ဖြစ်အောင် ကူညီ ထားပါတယ်။
ဘာကာ အသင်းဟာ ကျနော် ကစားချင်တဲ့ အသင်းရဲ့ ပုံစံမျိုး ဖြစ်ပါတယ်လို့ ကွင်းလယ်လူ ဂိုမက်စ်က ပြောပါတယ်။
ဂိုမက်စ်ဟာ ဘာစီလိုနာ အသင်းကနေ ဒီနှစ် နွေရာသီမှာ ၄ ယောက်မြောက် ခေါ်ယူခြင်း ခံရတဲ့ ကစား သမားလည်း ဖြစ်ပါတယ်။
ဘာကာဟာ အသင်းရဲ့ လက်ရှိ နောက်တန်းသမား မာရှေယာနိုကိုလည်း ၃ နှစ်စာချုပ် သက်တမ်း ထပ်တိုး လိုက်ပါတယ်။
အသက် ၃၂ နှစ် အရွယ် အာဂျင်တီးနား လက်ရွေးစင် မာရှေယာနိုဟာ ဘာကာ အတွက် ပွဲပေါင်း ၂၄၇ ပွဲ ကစားပေး ထားပါတယ်။
သူဟာ အသင်းနဲ့အတူ လာလီဂါချန်ပီယံ ၄ ကြိမ်နဲ့ ချန်ပီယံလိဂ် ချန်ပီယံဆု ၂ ကြိမ် ရရှိ ထားပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/161111

No comments:
Post a Comment