
ချန်ပီယံလိဂ် အုပ်စု စီ အဖွင့် ပွဲစဉ် အဖြစ် ပရီးမီးယား လိဂ်ကလပ် မန်စီးတီးနဲ့ ဂျာမန် ကလပ် မိုချန် ဂလာဘတ်တို့ စက်တင်ဘာ ၁၄ ရက်ညက ယှဉ်ပြိုင်ရာ မန်စီးတီးက တိုက်စစ်မှူး အဂွီရိုရဲ့ ဟက်ထရစ် သွင်းဂိုး အပါ အ၀င် ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ သွားပါတယ်။
မန်စီးတီးဟာ အိမ်ကွင်းမှာ ခြေစွမ်းပြပြီး ဘောလုံးပိုင်ဆိုင်ခွင့်ရော ဂိုးကန်သွင်းခွင့်တွေမှာပါ အသာစီးရယူ ကစားနိုင်ခဲ့ပါတယ်။
မန်စီးတီးအတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၉ မိနစ်၊ ၂၈ မိနစ်နဲ့ ၇၇ မိနစ်တွေမှာ တိုက်စစ်မှူး အဂွီရိုက ၃ ဂိုး၊ မိနစ် ၉၀ မှာ အီဟီရာနာချိုက ၁ ဂိုး သွင်းယူပေးခဲ့ပါတယ်။
အုပ်စု စီက တပွဲစီ ကစားပြီးချိန်မှာတော့ ဘာစီလိုနာက ဂိုးကွာခြားချက် အသာနဲ့ အုပ်စုပထမ၊ မန်စီးတီးက ဒုတိယနေရာမှာ အသီးသီး ရပ်တည်နေပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/168349





No comments:
Post a Comment