မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, September 15, 2016

ချန်ပီယံလိဂ် အဖွင့်ပွဲစဉ်တွင် ဂိုးပြတ်နိုင်သည့် လက်စတာစီးတီး (ရုပ်သံဟိုက်လိုက်)


>

ချန်ပီယံလိဂ် အုပ်စု ဂျီ အဖွင့် ပွဲစဉ် အဖြစ် ပရီးမီးယားလိဂ် ချန်ပီယံ လက်စတာ စီးတီး အသင်းနဲ့ ဘယ်လ်ဂျီယံက ကလပ် ဘရုဂ်တို့ စက်တင်ဘာ ၁၄ ရက်ညက ယှဉ်ပြိုင်ရာ လက်စတာ စီးတီး အသင်းက ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ သွားပါတယ်။

လက်စတာ စီးတီးအသင်း အတွက်တော့ ဥရောပ ချန်ပီယံလိဂ် ပြိုင်ပွဲကို ပထမဆုံး ၀င်ရောက် ယှဉ်ပြိုင်ခွင့် ရပြီး အဖွင့်ပွဲစဉ်မှာ အနိုင်ရတဲ့ မှတ်တမ်းကောင်း ရေးထိုးနိုင် ခဲ့တာလည်း ဖြစ်ပါတယ်။

ဒီနေ့ပွဲစဉ်မှာ ကလပ်ဘရုဂ်က ဘောလုံးပိုင်ဆိုင်မှု ၆၂ ရာခိုင်နှုန်းအထိ အသာစီးရခဲ့ပေမယ့် ဂိုးပေါက်ကန်သွင်းခွင့်မှာတော့ လက်စတာက အသာစီး ရခဲ့ပါတယ်။

လက်စတာအတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၅ မိနစ်မှာ အယ်လ်ဘရိုက်တန်၊ ၂၉ မိနစ်နဲ့ ၆၁ မိနစ်မှာ မာရက်ဇ်တို့က အသီးသီး သွင်းယူပေးခဲ့ပါတယ်။

လက်စတာအတွက် ၂ ဂိုးသွင်းယူပေးခဲ့တဲ့ မာရက်ဇ်ဟာ ဒီပွဲအတွက် အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

အုပ်စု ဂျီ အခြားပွဲစဉ်အဖြစ် ပေါ်တိုနဲ့ အက်ဖ်စီ ကိုပင်ဟေဂင်တို့ ယှဉ်ပြိုင်ကြရာမှာတော့ တဘက် ၁ ဂိုးစီ သရေကျသွားပါတယ်။

အုပ်စုဂျီက တပွဲစီ ယှဉ်ပြိုင်အပြီးမှာ လက်စတာစီးတီးအသင်းက ၃ မှတ်နဲ့ အုပ်စုပထမနေရာမှာ ရပ်တည်နေပါတယ်။



By ဒီဗွီဘီ

Originally published at -

No comments:

Post a Comment