မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, September 15, 2016

ရော်နယ်ဒို၊ မိုရာတာတို့၏ နောက်ကျ ဂိုးများဖြင့် ရီးရဲလ်မက်ဒရစ် ချန်ပီယံလိဂ်ပွဲစဉ် အနိုင်ရ (ရုပ်သံဟိုက်လိုက်)




စက်တင်ဘာ ၁၄ ရက် ညက ယှဉ်ပြိုင်တဲ့ ဥရောပ ချန်ပီယံလိဂ် အုပ်စု အက်ဖ် အဖွင့် ပွဲစဉ်မှာ ရီးရဲလ် မက်ဒရစ်က စပို့တင်း စီပီကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။

ဒီပွဲ ပထမပိုင်း မှာတော့ တဘက်နဲ့ တဘက် ဂိုး မသွင်းနိုင်ဘဲ သရေကျ aနခဲ့တာပါ။

ပွဲချိန် ၄၈ မိနစ်မှာ ဘရူနိုဆီဆာက စပို့တင်းစီပီအတွက် အဖွင့်ဂိုးသွင်းယူခဲ့လို့ ရီးရဲလ်မက်ဒရစ်အသင်း နောက်ကနေ လိုက်ကစားခဲ့ရပါတယ်။

ဒီနေ့ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အသင်းဟာ အိမ်ကွင်းမှာ ကစားခဲ့ရပေမယ့် ဘောလုံးပိုင်ဆိုင်မှုရော ဂိုးကန်သွင်းခွင့်တွေမှာပါ သိသိသာသာ အသာမရခဲ့ပါဘူး။

ရီးရဲလ်အတွက် ချေပဂိုးကို ပွဲချိန် ၈၉ မိနစ်မှာ တိုက်စစ်မှူး ရော်နယ်ဒိုက ဖရီးကစ်မှတဆင့် လှလှပပ ကန်သွင်းပြီး ရယူပေးခဲ့သလို နောက် တမိနစ်အကြာမှာ တိုက်စစ်မှူး မိုရာတာက ရီးရဲလ်အတွက် အနိုင်ဂိုး သွင်းယူပေးခဲ့ပါတယ်။

အုပ်စု အက်ဖ် အခြားပွဲစဉ်မှာတော့ ဂျာမန်ကလပ် ဒေါ့မွန်က ပိုလန်ကလပ် လီဂီယာဝါဆောကို ၆ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။

အုပ်စု အက်ဖ်က တပွဲစီ ကစားပြီးချိန်မှာတော့ ဒေါ့မွန်က ဂိုးကွာခြားချက်နဲ့ အုပ်စုပထမ၊ ရီးရဲလ်က အုပ်စု ဒုတိယနေရာမှာ အသီးသီး ရပ်တည်နေပါတယ်။



By ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/168360

No comments:

Post a Comment