
ဆွစ်ဇာလန် ကလပ် ဘေဆယ်နဲ့ ကစားမယ့် ချန်ပီယံလိဂ် ဒုတိယ ပွဲစဉ်မှာ အာဆင်နယ် အသင်းက ကွင်းလယ်မှာ အားထား ရတဲ့ ဖရန်စစ် ကိုကွီလင် မပါဘဲနဲ့ ယှဉ်ပြိုင် ရမှာ ဖြစ်ပါတယ်။
အသက် ၂၅ နှစ် အရွယ် ကွင်းလယ် ကစားသမား ကိုကွီလင်ဟာ ချဲလ်ဆီးကို ၃ ဂိုးပြတ်နဲ့ အနိုင်ရတဲ့ ပွဲမှာ ဒဏ်ရာရ ခဲ့တာပါ။
သူ့ရဲ့ဒဏ်ရာအခြေအနေ မဆိုးတဲ့အတွက် သိပ်မကြာခင်မှာ ပြန်ကစားနိုင်မှာပါလို့ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ပြောပါတယ်။
ဘေဆယ်နဲ့ပွဲစဉ်မှာ တိုက်စစ်မှူး ဂျီရူးလည်း ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။
အာဆင်နယ်ဟာ ချန်ပီယံလိဂ် အဖွင့်ပွဲမှာ ပီအက်စ်ဂျီနဲ့ သရေကျထားလို့ ၁ မှတ် ရထားပါတယ်။
ပရီးမီးယားလိဂ်မှာတော့ အာဆင်နယ်ဟာ ၁၃ မှတ်နဲ့ အဆင့် ၃ မှာ ရပ်တည်နေပါတယ်။
ဓာတ်ပုံ - ရိုက်တာ
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/170027

No comments:
Post a Comment